မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆိုစီဒက်အသင်းကို ဗလင်စီယာအသင်း ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အနိုင် ၃ မှတ်ကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဗလင်စီယာအသင်းဟာ ရှုံးပွဲမရှိသေးတဲ့ အသင်းတစ်သင်းလည်းဖြစ်ပြီး လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းကို ကျော်ပြီး အဆင့် ၄ နေရာထိတတ်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဆိုစီဒက်အသင်းကတော့ အဆင့် ၈ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဆိုစီဒက် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျို့စ်၊ ဂျူအမ်မီ၊ ဇူရိုတူဇာ၊ ပီရက်တို၊ အိုရာဇာဘယ်၊ အီလာရာမန်ဒီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဗလင်စီယာအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဇာဇာ၊ ရိုဒရီဂို၊ ဘာရာဂန်၊ ပါရီဂျို ၊ ကွန်ဒေါ့ဘီယာ၊ ဂွာဒက် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆိုစီဒက်အသင်းရဲ့ အိမ်ကွင်းမာကျောမှုကြောင့် ဗလင်စီယာအသင်း ခက်ခက်ခဲခဲ ကန်ခဲ့ရတာဖြစ်ပြီး နောက်ကျဂိုးကြောင့် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ ဗလင်စီယာအသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၂၆ မိနစ်မှာ ရိုဒရီဂိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၃၃ မိနစ်မှာ အယ်လူစတွန်ဒို က ဆိုစီဒက်အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၅၅ မိနစ်မှာတော့ ဗီဒယ်က ဗလင်စီယာအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။၄ မိနစ်အကြာမှာပဲ အိုရာဇာဘယ် က ဆိုစီဒက်အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။၈၅ မိနစ်မှာတော့ ဇာဇာ က ဗလင်စီယာအသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။