ရန်ကုန်နဲ့ပွဲကဒိုင်လူကြီးကိုအရေးမယူရင်ရှမ်းထွက်မည်
မြန်မာနရှင်နယ်လိဂ်ကြီးကတော့အကြီးမားဆုံး
အခက်အခဲအကြပ်အတည်းနဲ့ကြုံတွေ့နေရပါတယ်။
စတင်ချိန်ကပရိသတ်တွေများစွာအားပေးခဲ့ကြတဲ့
နေရှင်နယ်လိဂ်ပြိုင်ပွဲတွေကလည်းပရိသတ်သတ်စိတ်ဝင်စားမှု
လျော့ကျနေပါပြီ။နေပြည်တော်အသင်MNLမှာမရှိတော့ပါဘူး။
GFAအသင်းကလည်းနှုတ်ထွက်စာတင်ထားပါပြီ။
အခုလည်းမနေ့ကပွဲအတွင်းကဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်
တချို့ကြောင့်ကွင်းလယ်ဒိုင်ကိုအရေးမယူရင်ရှမ်းဆက်ပြိုင်ဖို့
မသေချာဘူးလို့အသင်းရဲ့အမှုဆောင်အရာရှိချုပ်
ဦးစောလုလုထော်ကပြောပြပါတယ်။
မနေ့ကဖြစ်စဉ်ကဒီလိုပါရှမ်းတိုက်စစ်မှူးဇင်မင်းထွန်းကို
ရန်ကုန်နောက်ခံလူခင်မောင်လွင်ကကြမ်းတမ်းစွာဖျက်ထုတ်ပါတယ်။ဒါကိုကွင်းလယ်ဒိုင်ကပယ်နယ်တီမပေးဘဲ
ထောင့်ကန်ဘောအဖြစ်သာသတ်မှတ်ပေးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာသေချာပေါက်ပယ်နယ်တီပေးရမယ်လို့
ရှမ်းအသင်းကယူဆပါတယ်၊၊ဒီဆုံးဖြတ်ချက်ကိုရှမ်းအသင်းက
မကျေနပ်တဲ့အတွက်နေရှင်နယ်လိဂ်ကိုညတွင်းချင်းပဲ
ဒိုင်ကိုအရေးယူပေးဖို့တိုင်ကြားခဲ့ပါတယ်။အရေးမယူပေး
ရင်ထွက်မယ်လို့လည်းပြောပါတယ်။MNLကတော့
တကယ်ကိုအကြပ်အတည်းတွေ့နေပါပြီ။
ဘယ်လိုဆုံးဖြတ်ချက်တွေချဦးမလဲဆိုတာကတော့
စိတ်ဝင်စားစရာပါ။
Source-MNL
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။