ယနေ့ စက်တင်ဘာ(၂၅)ရက်နေ့ဟာ မင်းသားချော Hyun Bin ရဲ့ မွေးနေ့ရက် ဖြစ်ပါတယ်။ Hyun Bin ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာ(၁၅)ရက်နေ့ မွေးနေ့မှာဆိုရင် မင်းသားချော Hyun Bin ဟာ အသက်(၃၅)နှစ်ပြည့်တဲ့ မွေးနေ့ရက် ဖြစ်ပါတယ်။ Happy Birthday….

Hyun Bin ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှာ 1982 ခုနှစ် စက်တင်ဘာ(၁၅)ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မွေးနာမည်ရင်းကတော့ Kim Tae Pyoung ဖြစ်တယ်လို့ သိရပါတယ်။ Hyun Bin ဟာ အနုပညာလောကထဲကို ၂၀၀၃ခုနှစ်မှာ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ ပါးချိုင့်လေးနဲ့ မင်းသားလေးလို့ လူသိများပြီး အရပ်(1.84 cm) ရှိတဲ့ Hyun Bin ဟာ အရပ်ရှည်ပြီး Smart ကျတဲ့ မင်းသားချောတစ်လက်လည်း ဖြစ်ပါတယ်။

သူရဲ့ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေနဲ့ အတူ ပါးချိုင့်လေးနဲ့ Smart ကျပြီး ဆွဲဆောင်မှုရှိတဲ့ Hyun Bin ဟာ တောင်ကိုရီးယားနိုင်ငံမှာသာမက အာရှနိုင်ငံများနှင့် အခြားနိုင်ငံများမှာပါ ပရိသတ် အခိုင်အမာရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများမှာလည်း အောင်မြင်မှုများရှိထားပြီး ဆုတံဆိပ်များစွာလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း Hyun Bin ကို မွေးနေ့ဆုတောင်းစကားလေး ပြောပေးသွားပါဦးနော်..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။