သူမရဲ့ နာမည် အရင်းကတော့ Amy Lee ပါ။ သူမကို Ailee လို့ သိကြပါတယ်။ သူမဟာ ကိုရီးယား အမေရိကန် အဆိုတော် နဲ့ သီချင်းရေးသူပါ။ သူမ ရဲ့ အလွန်ကောင်းတဲ့ အသံ ကြောင့် Kpop ရဲ့ ဘီယွန်စေး အဖြစ်လူသိများပါတယ်။

သူမ ဟာ သီချင်းနဲ့ ဆိုင်တဲ့ ဆုတွေလည်း ရရှိခဲ့ပါတယ်။ MelOn Music Awards, Golden Disk Awards, Gaon Chart K-Pop Awards, Seoul Music Awards တို့ပဲဖြစ်ပါတယ်။ ရကြိမ်မြောက် ကိုရီးယား ရုပ်ရှင် ဆုပေးပွဲမှာ “Goodbye My Love” သီချင်းနဲ့ အကောင်းဆုံး တေးဂီတ ဆုကိုရရှိခဲ့ပါသေးတယ်။

သူမရဲ့ အလွန်ကောင်းမွန်တဲ့ အသံ၊ ဆွဲဆောင်မှု ရှိတဲ့ ကကွက်တွေ နဲ့ ပရိသတ်တွေကို ညို့ယူဖမ်းစား နိုင်တဲ့ စွမ်းရည်ကို သူမ အနေနဲ့ ပိုင်ဆိုင်ထားပါတယ်။ သူမ ရဲ့ ပရိသတ်တွေ ကတော့ သူမကို Kpop ရဲ့ ဘီယွန်စေး အဖြစ် တင်စား သတ်မှတ်ထားကြပြီး အားပေးနေကြပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။