ပိုပိုဟာ ချစ်စမ်းမောင်(IC) ရဲ့ သမီးဖြစ်သူ အဆိုတော် ငဲငယ်လေးရဲ့(၁၈)နှစ်ပြည့် မွေးနေ့မှာ မွေးနေ့ရှင်အတွက် အမှတ်တရအဖြစ် မိဘမဲ့ကလေးများအတွက် ရည်ရွယ်ပြီး သီချင်းသီဆိုပေးခဲ့တယ်လို့ သိရပါတယ်။ မွေးနေ့ရှင် ငဲငယ်လေးကတော့ ဂီတာ တီးခတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ထိုသီချင်းကို မိဘမဲ့ကလေးများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဖို့ အတွက် ရည်ရွယ်ပြီး သီဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပိုပိုက သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။

"ငဲငယ်လေး ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့အမှတ်တရ ကို စင်ပေါ်မှာ ၁ ခါပဲ ဆိုဖူးတဲ့ မိဘမဲ့ သီချင်းလေး ဆိုခဲ့ပါတယ်

မိဘ မရှိလဲ ကျမတို့ ခြေထောက် အပေါ် ကျမတို့ ရပ်တည်နိုင်အောင် ကြိူးစားပြီး ကျမတို့ဟာ ဘယ်သူလဲဆိုတာ ပြသလိုက်ပါ

Happy birthday ငဲငယ်လေး

Guitar တီးပေးလို့လဲ ကျေးဇူးနော်" ဟု ရေးသားထားတာ ဖြစ်ပြီး

ပိုပိုဟာ သီချင်းဆိုနေစဉ်မှာ သီချင်းသားကို မမှတ်မိအတွက် စာသားကြည့်ပြီး သီဆိုခဲ့ပါတယ်။ သီချင်းစာသားကို မေ့နေပြီး မမှတ်မိတဲ့အတွက်လည်း အခုလို ပြောထားပါတယ်။ "ပို ကိုယ့်သီချင်း ကိုယ် မရတဲ့အကြောင်းရင်းက ချစ်ဖူးခဲ့သမျှ ထွက်ပီးကတည်း နားကို မထောင်တာ ငိုရလွန်းလို့ ဆိုဖို့ ဆိုတာ အဝေးကြီးပါ ကလေးတွေ ခွန်အားရစေချင်လို့ မိဘမရှိလဲ အောင်မြင်တဲ့သူ ဖြစ်စေချင်လို့ ပီးတော့ ဆရာချစ်နဲ့ ငဲငယ်လေး ကတောင်းဆိုလို့ ဆိုဖြစ်တာပါ ဒါကြောင့် ၅ နှစ်ကြာ မဆိုတဲ့သီချင်းမို့ သီချင်း စာသားတွေ မေ့နေပါပြီ" ဟု လည်း ပြောထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။