သူမကို စက်တင်ဘာလ ၁၃ ရက် ၁၉၈၇ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမကို (G.NA) လို့လူသိများပါတယ်။ သူမဟာ ကနေဒါနိုင်ငံဖွားပါ။ သူမဟာ အမျိုးသမီး အဖွဲ့ Five Girls မှာ ခေါင်းဆောင် အနေနဲ့ ပါ၀င်ခဲ့ပါတယ်။

သူမ ရဲ့ အဆိုတော် Rain နဲ့အတူ သီဆိုတဲ့ “Things I Want to Do When I Have a Lover” ဟာ လူကြိုက်များခဲ့ပါတယ်။ ဂျူလိုင်လ ၅ ရက်၊ ၂၀၁၀ ခုနှစ်မှာ သီဆိုခဲ့တာပါ။ ဖေဖော်ဝါရီလ ၂၀၁၁ ခုနှစ်မှာတော့ သူမရဲ့ “Black & White” သီချင်းဟာတော်တော် အောင်မြင်ခဲ့ပါတယ်။

သူမ ရဲ့ စွဲမက်ဖွယ် အလှ နဲ့ ညို့ယူဖမ်းစားနိုင်မှု တွေကတော့ အံ့မခန်းပါဘဲ။ သူမရဲ့ အလှကြောင့် ပရိသတ်တွေကတော့ သဲသဲလှုပ်ဖြစ်နေရပါတယ်။ သူမဟာ အောင်မြင်တဲ့ မင်းသမီးတစ်လက်လဲဖြစ်ပါတယ်။ ရုပ်ရှင် ဒရမ်မာ စီးရီး ဖြစ်တဲ့ Fall in Love with Me မှာ ပါ၀င်သရုပ်ဆောင်ထားပါသေးတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။