KPop အဖွဲ့ Bambino ဟာ အဖွဲ့ဝင်လေးယောက် ပါ၀င်တဲ့ တောင်ကိုရီးယား အမျိုးသမီး အဖွဲ့ပါ။ ၂၀၁၅ ခုနှစ်ကစပြီး JS Entertainment ကနေ စတင်ဖွဲ့စည်းခဲ့တာပါ။ ဂျွန်လ ၂၃ ရက်နေ့မှာတော့ သူတို့ရဲ့ ပထမဆုံး တေးအယ်ဘယ်မ် Oppa ကို စတင် မိတ်ဆက်ခဲ့ပါတယ်။

ပါ၀င်တဲ့ အဖွဲ့ဝင်တွေကတော့ Dahee (Vocalist, Dancer, Rapper), Eunsol (Lead vocals, Main dancer), Minhee (Vocalist), Seo တို့ပဲဖြစ်ပါတယ်။ သူတို့အဖွဲ့ ရဲ့ ကကွက်တွေ က အရမ်းကို လန်းတာကြောင့် ပရိသတ်တွေ ကြားမှာ ရေပန်း အလွန်စားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

ချစ်စဖွယ် အမူအရာလေးတွေ နဲ့ ကကွက် အလန်းစားတွေကြောင့် ပရိသတ် သဲသဲလှုပ် အဖွဲ့ဆိုလည်းမမှားပါဘူး။ ပရိသတ် ကို ညှို့ယူနိုင်တဲ့ စွမ်းအားလညး် အပြည့်ရှိပါတယ်။ အထူးသဖြင့် Sexy ကျတဲ့ ကကွက်တွေ က ပရိသတ်တွေ အလွန်အားပေးကြပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။