ဘားအံတန်(၄၀၀၀)ဘိလပ်မြေစက်ရုံ(၁၅)နှစ်ပြည့်

မွေးနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲအနီး လူသတ်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ဇရပ်ဖြူကျေးရွာကလေး ကစားကွင်းအတွင်း တန်(၄၀၀၀) ဘိလပ်မြေစက်ရုံ(၁၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ(၁)ရက်နေ့ ညပိုင်းက ဂီတဖျော်ဖြေပွဲပြုလုပ်စဉ် ည(၁၂)နာရီ(၁၅)မိနစ်အချိန်ခန့်တွင် ဖျော်ဖြေပွဲအနီး ဇရပ်ဖြူရွာအဝင် လမ်းမပေါ်တွင် လူငယ်တစ်ဦး ဓားထိုးခံရ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်နေရာသို့ မြိုင်ကလေး ရဲကင်းစခန်းမှူး ရဲအုပ်ဝင်းနိုင် ဦးစီးအဖွဲ့ဖြင့်သွားရောက် စစ်ဆေးရာသေဆုံးသူမှာ စောထွန်းရွှေ၊ ၁၆နှစ်၊ မန္တလေးကုန်းရပ်ကွက် ၊ လှာကာကျေးရွာအုပ်စု ၊ ဘားအံမြို့နယ်နေသူဖြစ်ပြီး ယာဘက်ကျောကုန်း ထိုးသွင်းဒဏ်ရာ(၁)ချက် ၊ ဦးခေါင်းနောက်စေ့ ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံး

ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အား ဘားအံမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ပြီး အမှုမှတရားခံဖော်ထုတ် ဖမ်းဆီးရမိရေး အမှုစစ်အဖွဲ့ဖြင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Credit - မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

ဘားအံသတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။