ဆောင်းဟိုဟာ MBC ရုပ်သံမှ ထုတ်လွှင့်ပြသမယ့် “I Am Not a Robot” ဒရမ်မာဇာတ်ကားမှာ အဓိက ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ယူဆောင်းဟိုဟာ MBC ရုပ်သံကနေ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ “Ruler: Master of the Mask” ဇာတ်ကားနှင့် အခြားဇာတ်ကားအမျိုးမျိုးတွေမှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်းကို သငက်သေပြနိုင်ခဲ့ပါတယ်။

ဆောင်းဟိုကို MBC က ရိုက်ကူးထုတ်လွှင့်တဲ့ “I Am Loveဓ ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ကို ကမ်းလှမ်းခဲ့ပေမယ့် ဟာသဆန်တဲ့ဇာတ်ရုပ်ကို ပြသဖို့ မျှော်လင့်ထားတဲ့အတွက် ဇာတ်လမ်းသစ် “I Am Not a Robot” ကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုဇာတ်ကားမှာ ဆောင်းဟိုဟာ ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး ငွေကြေးကုမ္ပဏီအကြီးအကဲ Kim Min Kyu အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ “I Am Not a Robot” ဇာတ်ကားဟာ လူတွေနဲ့ ဆက်ဆံရမှာကြောက်ရွံ့ပြီး ရည်းစားမထားနိုင်တဲ့ အမျိုးသားတစ်ဦးရဲ့ ဒရမ်မာ ဇာတ်ကား ဖြစ်ပါတယ်။

“I Am a Robot” ဒရမ်မာ ဇာတ်ကားကို ဒီနှစ်ကုန်ပိုင်းမှာ စတင်ထုတ်လွှင့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဇာတ်ညွှန်းကိုတော့ Kim Sun Mi နဲ့ Lee Seok Joon တို့က ရေးသားထားတာ ဖြစ်ပါတယ်။ ထိုဒရမ်မာဇာတ်ကားမှာ ဆောင်းဟိုနဲ့ အတူ”W” ဒရမ်မာဇာတ်ကားနဲ့ “She Was Pretty” ဒရမ်မာဇာတ်ကားတွေကို ထုတ်လုပ်ခဲ့တဲ့ ဒါရိုက်တာ ဖြစ်တဲ့ Jung Dae Yoon တို့က ပါဝင်လို့ ပရိသတ်စိတ်ဝင်စားမှုများ မြင့်တတ်နေပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။