သရုပ်ဆောင်အောင်မင်းခန့်ကတော့ ဘာသာစုံ ဂုဏ်ထူးရှင်ဖြစ်ရလို့ ပျော်နေတယ််လို့ဆိုပါတယ် ။

ဘာသာစုံ ဂုဏ်ထူးဆိုလို့ ဆယ်တန်းခုမှအောင်တာလားလို့ မထင်ကြနဲ့ဦးနော် ပရိတ်သတ်ကြီး ...

အောင်မင်းခန့် လက်ရှိရိုက်ကူးနေတဲ့ အံဝင်ဂွင်ကျဇာတ်ကားထဲမှာ အောင်မင်းခန့်က ဘာသာစုံဂုဏ်ထူးရှင် အဖြစ် သရုပ်ဆောင်နေတာပါ ။ 

" ကျွန်တော်တခါမှမမြင်ဘူးတဲ့စကားလုံး

ဘာသာစုံဂုဏ်ထူးရှင်တဲ့ ???

ဇာတ်ကားထဲမှာပေါ့နော်

ပြင်ဦးလွင်အံဝင်ဂွင်ကျဇာတ်ကားအမှတ်တရပါ " လို့ အောင်မင်းခန့်က ဆိုထားပါတယ် ။

အောင်မင်းခန့်ဟာ မင်းသား နိုင်းနိုင်းရဲ့ ညီဝမ်းကွဲတော်စပ်သူဖြစ်ပြီး MRTV 4 ရဲ့ ဇာတ်လမ်းတွဲတော်တော်များများမှာ ပါ၀င်သရုပ်ဆောင်ထားပြီး ပရိတ်သတ်အခိုင်အမာ ရရှိထားသူတစ်ဦးဖြစ်ပါတယ် ။ အောင်မင်းခန့် ပါ၀င်သရုပ်ဆောင် ထားတဲ့ ထာဝရ မန္တလေး ဇာတ်လမ်းတွဲဟာဆိုရင် လွှင့်ပြီးသွားချိန်မှာတောင် ပရိတ်သတ်တွေကြား အမှတ်တရဖြစ်နေခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ ။ အခြား ဇာတ်ကားတွေအများကြီးမှာလည်း အနုပညာစွမ်းတွေပြထားတဲ့မင်းသားလေးကို အားပေးတဲ့သူတွေများရှိကြသလား ပရိတ်သတ်ကြီးတို့ရေ ... 

သတင်းအရင်းမြစ် Aung Min Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။