မိတ်ကပ်ပညာရှင် ညီညီမောင်(စမ်းချောင်း) ဟာ နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ဦးဖြစ်လို့ မသိတဲ့သူရှားပါတယ်။

အနုပညာအသိုင်းဝိုင်းမှာ နာမည်ရနေသလို သူ့ရဲ့ မိတ်ကပ်ပြင်ဆင်မှုလက်ရာတွေကတော့ မိန်းကလေးပရိသတ်တွေရဲ့ နှစ်သက်အားပေးမှုတွေရရှိထားပါတယ်။

လက်တလောမှာတော့ ညီညီမောင်(စမ်းချောင်း)ဟာ သူ့ရဲ့ချစ်သူကို ငွေကျပ်သိန်းငါးရာကျော်တန် Ford ကားအနက်ရောင်တစ်စီး လက်ဆောင်ပေးလိုက်တဲ့အကြောင်း က လူပြောများလျက်ရှိပါတယ်။

ညီညီမောင်က သူ့ရဲ့ ချစ်သူကောင်လေးအတွက် ကားဝယ်ပေးဖို့ စရံငွေချေထားပြီဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဓာတ်ပုံလေးတွေနဲ့အတူ တင်ထားပါတယ်။

"ကိုကြီး စီးဖို့ စရံပေးခဲ့ပြီနော် ❤️

Ford Focus ဇန်နဝါရီ လကုန်လောက်မှရောက်မှာ အိမိမှာလည်းစီးစရာ ကားတွေ ရှိနေတော့ ကြိုက်လွန်းလို့စောင့်လိုက်တယ် ❤️

Ford Myanmar က မဆု ရေ အမြဲကူညီပေးတာ ကျေးဇူးပါ ❤️

??#Zippy ❤️?#QueenThuThu ""

အားလုံးကတော့ ချစ်တတ်လိုက်တာဆိုပြီး သူတို့စုံတွဲကို အားကျနေကြပါတယ်ပရိသတ်ကြီးရေ။

ညီညီမောင်(စမ်းချောင်း) တို့စုံတွဲဟာ အတူတူသွားလာတဲ့ပုံလေးတွေကို သူတို့နှစ်ယောက်ရဲ့ လူမှုကွန်ရက်အကောင့်မှာ အမြဲလိုလို မျှဝေထားပါတယ်။   

Source :Nyinyimaung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။