မြန်မာဘောလုံးနဲ့ပြောင်းပြန်အချိုးကျတဲ့ဦးဇော်ဇော်


မြန်မာဘောလုံးနဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကြီး

ဦးဇော်ဇော်ကတော့ပြောင်းပြန်အချိုးကျနေပါတယ်။

မြန်မာ့ဘောလုံးအောက်ကိုကျဆင်းနေချိ်န်မှာ

ဦးဇော်ဇော်ကတော့ဆုတွေတစ်ခုပြီးတစ်ခုပါပဲ။အင်ဒိုနီရှားနိုင်ငံ

ဘာလီမှာကျင်းပခဲ့တဲ့2016ခုနှစ်ရဲ့အာဆီယံအကောင်းဆု

ဆုပေးပွဲမှာဘောလုံးလောကအကျိုးပြုထူးချွန်ဆု

Goodwill Award ကိုဆွတ်ခူးရရှိခဲ့ပါတယ်။

Goodwill awardဆိုတာအာဆီယံဘောလုံးလောကရဲ့

အမြင့်ဆုံးဆုတံဆိပ်တစ်ခုပါ။



ဦးဇော်ဇော်ဟာမြန်မာ့ဘောလုံးအဖွဲ့ချုပ်ရဲ့

ဥက္ကဌရာထူးကို2005ခုနှစ်ကစပြီးတာဝန်ယူခဲ့ပါတယ်။

2005ကနေစပြီးမြန်မာ့ဘောလုံးနဲ့အတူ

သူ့ကိုတွဲမြင်ခဲ့ကြမှာပါ။အခုဦးဇော်ဇော်ရခဲ့တဲ့ဆုကို

အရင်ကရရှိဖူးသူကလက်ရှိအာဆီယံဘောလုံးအဖွဲ့ချုပ်

ဥက္ကဌမစ္စတာအာမက်ပါ။ဦးဇော်ဇော်ကဒုတိယအကြိမ်

ရရှိခဲ့တာပါ။ဒီဆုရဲ့တန်ဘိုးမြင့်ပုံကိုဒီလောက်ဆို

သိလောက်ပါပြီ။



ဦးဇော်ဇော်ဟာဒေသတွင်းဘောလုံးဖွံဖြိုးရေးဆောင်ရွက်

မှုတွေကြောင့်ဒီဆုကိုရရှိခဲ့တာပါ။ဦးဇော်ဇော်

အောင်မြင်နေပါရက်နဲ့မြန်မာ့ဘောလုံးကျဆုံးနေတာ

တကယ်ဆိုမဖြစ်သင့်ပါဘူး။ရေမြင့်ရင်ကြာတင့်ရမယ်မဟုတ်လား။

Source -MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။