ယခု အပတ်မှာတော့ ချန်ပီယံလိဂ်ပွဲစဉ်များ ကစားဖို့ရှိပါတယ်။ ဒီည မြန်မာစံတော်ချိန် မနက် ၁း၁၅ မှာ ချန်ပီယံလိဂ်ပွဲတွေ ကန်ကြမှာပါ။ ဒီညမှာတော့ ပွဲကြီးပွဲကောင်းတွေ ပါ၀င်နေပါတယ်။ ယခုည ပွဲစဉ်မှာ မန်စီးတီး၊ စပါး လီဗာပူး ၊ ရိးရဲမက်ဒရစ်နှင့် ဒေါ့မွန်အသင်းတို့၏ပွဲစဉ်တွေပါ၀င်နေပါတယ်။
ဂျာမန်ကလပ် ဒေါ့မွန်ကတော့ အိမ်ကွင်းမှာ ရီးရဲမက်ဒရစ်ကို ဧည့်ခံကစားသွားမှာပါ။ ဒေါ့မွန်အသင်းကတော့ ဘွန်ဒက်လီဂါမှာ ရလဒ်ကောင်းတွေ ရယူထားပါတယ်။ ရီးရဲမက်ဒရစ်ကတော့ စပိန် လာလိဂါမှာ ရလဒ်တွေ မကောင်းသလို ထိပ်ဆုံးက ဘာစီလိုနာနှင့် ရမှတ်ထိ ကွာနေပါတယ်။ ဒါပေမယ့် ဒေါ့မွန်က ချန်ပီယံလိဂ် အဖွင့်ပွဲမှာ စပါးကို ဂိုးပြတ် ရှုံးထားပါတယ်။
ရီးရဲမက်ဒရစ်ကတော့ အေပိုးကိုအနိုင်ကစားထားကာ အုပ်စုတွင်း နံပါတ်တစ်နေရာကို ရထားပါတယ်။ ဒါ့အပြင် ရီးရဲမက်ဒရစ်က နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် ၂၈ပွဲမှာ ၃ပွဲသာ ရှုံးထားပါတယ်။ ဒေါ့မွန်ကတော့ နောက်ဆုံး ချန်ပီယံလိဂ် ၃ပွဲလုံး အရေးနိမ့်ထားပါတယ်။ ဒီပွဲကတော့ ၂သင်းစလုံး တိုက်စစ်အဖွင့် ကစားဖို့ရှိနေပြီး ၂သင်းပေါင်း ဂိုးများကာ ရီးရဲမက်ဒရစ်က နိုင်သွားဖို့ အခွင့်သာနေပါတယ်။
Hein (Mg Lu Aye)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။