ဂငယ်ကွေ့ပြန်ကွေ့နေတဲ့နေရှင်နယ်လိဂ်

အိမ်နီးချင်းထိုင်းနိုင်ငံဟာဘောလုံးမှာအာရှအဆင့်ကိုရောက်

နေပါပြီ။သူတိုရဲ့မူဝါဒကတော့ပြည်တွင်းလိဂ်ကို

အကောင်းဆုံးတည်ဆောက်မယ်။ရေမြင့်ရင်

ကြာတင့််ဆိုသလိုပဲပြည်တွင်းလိဂ်အောင်မြင်နေတာနဲ့အတူ

ထိုင်းဘောလုံးအဆင့်အတန်းလည်းတိုးတက်လာခဲ့တာပါ။

လက်ရှိထိုင်းလက်ရွေးစင်အသင်းကြီးဟာ

ထိုင်းလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့မြောင်တောင်၊ဘူရီယမ်

တို့ကကစားသမားတွေကိုအခြေပြုတည်ဆောက်ထားတာပဲ

ဖြစ်ပါတယ်။

ထိုင်းတို့အောင်မြင်နေချိန်မှာတော့မြန်မာနေရှင်နယ်လိဂ်ကတော့ဂငယ်ကွေ့ပြန်ကွေ့နေပါပြီ။မနေ့ကGFAနဲ့ရတနာပုံပွဲမှာ

GFAအသင်းကလာမကန်တဲ့အတွက်ပွဲပျက်သွားပါတယ်။

GFAအသင်းတာဝန်ရှိသူတွေရဲ့အပြောအရဆိုရင်

GFAဟာMNLပြိုင်ပွဲကနေနှုတ်ထွက်တော့မှာပါ။

GFAရဲ့အရင် နေပြည်တော်အသင်းလည်းနေရှင်နယ်လိဂ်ကနေ

ပျောက်ကွယ်သွားခဲ့ပါပြီ။

လက်ရွေးစင်ကစားသမားအများဆုံးပါဝင်ထားတဲ့

ရှမ်းယူနိုက်အသင်းဟာလည်းရန်ကုန်နဲ့ပွဲက

ပြသနာတွေကြောင့်နောက်နှစ်ဘောလုံးရာသီမှာ

ယှဉ်ပြိုင်ဖို့မသေချာဘူးလို့ပြောပါတယ်။

ရှမ်းသာတကယ်ထွက်သွားရင်တော့

မြန်မာ့ဘောလုံးလောကရဲ့ကြီးမားတဲ့ဆုံးရှုံးမှုကြီး

ဖြစ်လာမှာအမှန်ပါပဲ။အိုဘယ့်မြန်မာနေရှင်နယ်လိဂ်။

Source-MNL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။