မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းက ဝက်ဘရွန်းအသင်းကို ၂ ဂိုး ဝ ဂိုး အနိုင်ရရှိခဲ့ပြီး အနိုင်သုံးမှတ်ကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယခုနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၇ နေရာကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ဝက်ဘရွန်းအသင်းဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းကောင်းတွေပြသနိုင်တဲ့ အသင်းတစ်သင်းဖြစ်ပြီး အဆင့် ၁၂ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ လာကာဇတ်တီ၊ ဆန်းချက်၊ ရမ်ဆေး၊ ကိုလာစီနက်၊ ဇာခါ၊ အယ်နီနီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဝက်ဘရွန်းအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ရော်ဘတ်ဆင်ကနူး၊ ရိုဒရီဂွက်၊ ကီရန်ဂစ်၊ ဘယ်ရီ၊ လီဗာမိုး၊ ဂျွန်နီအီဗန့် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းက ဒီနေ့ပွဲမှာ ဆန်းချက်၊ လာကာဇတ်တီကို တွဲဖက်ကစားစေခဲ့ပြီး ဝက်ဘရွန်းအသင်းကို ဖိအားပေးကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအတွက် အဖွင့်ဂိုးကိုတော့ မိနစ် ၂၀ မှာ လာကာဇတ်တီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ အာဆင်နယ်အသင်း ၁ ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းအတွက် ဒုတိယအနိုင်ဂိုးကိုလည်း ၆၇ မိနစ်မှာ လာကာဇတ်တီက ပယ်နယ်တီကနေတဆင့် ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။