မိန်းကလေးတစ်ယောက်ကို ဘယ်လိုပိုးပန်းမလဲ

သင်စိတ်ဝင်စားနေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်ကနေဘယ်လို စပြီး ချဉ်းကပ်ရမှန်းမသိ ဖြစ်နေတယ်ဆိုရင်တော့ ဒီအဆင့်လေးတွေက

သင့်ကိုကောင်းကောင်း အထောက်အကူပေးပါလိမ့်မယ်။ မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောရတာ မခက်ပါဘူး။ ဒါပေမယ့်

ကိုယ်တကယ် ခံစားချက် ပြင်းပြင်းထန်ထန်ရှိနေတဲ့ မိန်းကလေးဆိုရင်တော့ "ငါ့ကို ငြင်းလိုက်ရင်" ဆိုတဲ့စိတ်နဲ့ ယုံကြည်မှုတွေ ကျဆင်းကုန်တတ်ပါတယ်။

.

ဒီလိုဆိုရင်တော့ မပူပါနဲ့။ ဒီအဆင့်တွေအားလုံးကိုသာ တစ်ဆင့်ချင်း သင်ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ပါစေ။ သင့်ကောင်မလေးက သင့်ဘက်ကို ပါလာပါလိမ့်မယ်။

၁။ ရင့်ကျက်မှုကိုပြပါ။

ရင့်ကျက်ရမယ်ဆိုလို့ ပုဆိုးတွေ၊ လည်ကတုံးတွေ ဝတ်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။ သင့်အသက်သင့်အရွယ်နဲ့ ရှိသင့်တဲ့ တည်ငြိမ်ရင့်ကျက်မှုမျိုးကို ဆိုလိုတာပါ။

အထူးသဖြင့် အတွေးအခေါ်၊ အနေအထိုင်နဲ့ စကားအပြောအဆိုတွေမှာ သင့်ရဲ့ ရင့်ကျက်မှုကို ပြလို့ရပါတယ်။ ရင့်ကျက်တဲ့သူတစ်ယောက်ကို မိန်းကလေးတွေက

သာမန်လူထက် ၅၀ ရာခိုင်နှုန်းထက်မက ပိုအားကိုးပြီးသားပါ။ ကဲ.. တာထွက်ကတည်းက အမှတ်ကောင်းဖို့ သင်ဟာ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်ကိုဖြစ်ရပါမယ်။

.

၂။ Romantic ဖြစ်တတ်တဲ့သူ ဖြစ်ပါစေ။

သင်ဟာ ပင်ကိုအားဖြင့် ဘယ်လောက်ပဲ တဲ့တိုးကျပါစေ၊ ပွင့်လင်းပြီး ဘွင်းဘွင်းရှင်းရှင်းနေတတ်ပါစေ။ မိန်းကလေးတစ်ယောက်ကို အမြန်ဆုံး ချဉ်းကပ်ချင်တယ်ဆိုရင်တော့

Romantic ဖြစ်တဲ့ သွင်ပြင်မျိုး ရှိနေရပါမယ်။ Romantic ဖြစ်တယ် ဆိုလို့ ဝင်းဦးခေတ်ကလို အကြည့်တွေနဲ့ အပြုအမူတွေကို လုပ်ဖို့ မလိုအပ်ပါဘူး။ သင့်ကောင်မလေးက

ဘယ်လိုအပြုအမူမျိုးကို ရင်ခုန်တတ်တယ်ဆိုတာမျိုးကို ကြည့်ပြီး သင်ဟာ အလိုက်အထိုက်နေတတ်ရပါမယ်။ (အရင်ဆုံး သင်စိတ်ဝင်စားတဲ့ မိန်းကလေးက ဘယ်လို type

လဲ ဆိုတာ သင်သိရပါမယ်)

.

၃။ သစ္စာရှိတဲ့သူမှန်း သူသိမှဖြစ်မယ်။

သူမနဲ့ ပြောဆို ဆက်ဆံနေတဲ့ ကာလတစ်လျှောက်လုံး သင်ဟာ သစ္စာရှိတဲ့သူတစ်ယောက် ဖြစ်ရပါမယ်။ အရင်က မဖြစ်ခဲ့ရင်လည်း အခုတော့ သစ္စာရှိလိုက်ပါတော့။

သင်ဟာ ဗျာပွေတတ်တဲ့သူဆိုရင် သူ့ဘက်က စိတ်ဝင်စားချင်ရင်တောင် သူ့စိတ်ကိုသူ ပြန်ထိန်းနေပါလိမ့်မယ်။ သူများ အထင်ကြီးလေမလားဆိုပြီး ရည်းစားတစ်သောင်းခြောက်ထောင်

ထားခဲ့ဖူးတာတွေကို သွားဖွင့်မချလိုက်ပါနဲ့။ ပွင့်လင်းပါ။ ရိုးသားပါ။ ဒါပေမယ့် မနုံအပါနဲ့။

.

၄။ သူမ လိုအပ်တိုင်း သူမအနားမှာ ရှိပါစေ။

သူမ အနားမှာ အဖော်ပြုခွင့်ရမယ့် အခွင့်အရေးကို စိတ်ရှည်လက်ရှည်ရှာပါ။ သူမ အနားမှာ ရှိနေခွင့်ရတဲ့အချိန်တိုင်းဟာ အသုံးချတတ်ရင် သင့်အတွက် ရွှေပါပဲ။ သူမအကြောင်းတွေ

သိလို့ရတယ်၊ ရင်းနှီးကျွမ်းဝင်ခွင့်ရတယ်။ အရေးအကြီးဆုံးကတော့ ရင်းနှီးမှုတွေကတစ်ဆင့် အမှတ်တွေ ယူလို့ရပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက

သူမ သင့်ကို အလိုမရှိဘူးဆိုတဲ့ အချိန်မှာ အတင်းကြီး အနားမကပ်ပါနဲ့။ သူမစိတ်ရှုပ်တယ်လို့ ခံစားလိုက်ရပြီဆိုရင် သင့်အတွက် သတင်းဆိုးတစ်ခု ဖြစ်သွားနိုင်ပါတယ်။

အလိုမရှိဘူးဆိုလို့လည်း စိတ်ဓါတ်မကျပါနဲ့။ အလားအလာကောင်းတွေ သင့်မှာဖန်တီးခွင့်ရှိပါသေးတယ်။

.

၅။ ချီးမွမ်းပေးပါ။

ချီးကျူးတာကို မကြိုက်တဲ့သူမရှိပါဘူး။ အထူးသဖြင့် မိန်းကလေးတွေဟာ သူတို့ရဲ့ အလှနဲ့ပတ်သက်ပြီး သိပ်ကိုချီးကျူးခံချင်ပါတယ်။ ဒါကို သင်လက်နှက်အဖြစ် အသုံးချလို့ရပါတယ်။

တစ်ခုရှိတာကတော့ မြှောက်ပင့်တာနဲ့ ချီးကျူးတာကို သင်ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ တကယ့်အရှိတရားကိုပဲ နားထောင်တဲ့သူ ပီတိဖြာအောင် ချီးကျူးပါ။ မဟုတ်တာကို မြှောက်ပင့်

မပြောပါနဲ့။ သူမ အမြင်ကပ်သွားရင် အဆင်မပြေတော့ပါဘူး။ ချီးကျူးတဲ့နေရာမှာလည်း ဇာတ်ရံတစ်ယောက်က မင်းသမီးကို ပြီတီတီမျက်နှာထားနဲ့ "လှလိုက်တာနော်" ဆိုတာထက်

သူမကို ရင်ခုန်စိတ်လှုပ်ရှားအောင် ချီးမွမ်းတတ်ဖို့တော့ လိုပါလိမ့်မယ်။

.

၆။ ရယ်မောပျော်ရွှင်ခြင်း။

သင်ဟာ သူမအတွက် ပျော်ရွှင်ခြင်းတွေ ဆောင်ကြဉ်းပေးနိုင်တယ်ဆိုရင် သူမဘဝအတွက် ချမ်းမြေ့မှုတွေပေးနိုင်တာ သင်ပဲလို့ သူမ ခံစားရဖို့လိုပါတယ်။ အတူရှိနေချိန်တိုင်းဟာ

ပျော်စရာတွေအဖြစ် ဖန်တီးပေးရမှာ သင့်တာဝန်ပါ။

.

၇။ သူမအကြောင်း လေ့လာပါ။

သူမအကြိုက်တွေကို သိဖို့လိုပါတယ်။ အစားအသောက်၊ အရောင်ကနေစပြီး သီချင်းတွေ၊ စာအုပ်တွေအထိပေါ့။ ဒါပေမယ့် အကြိုက်ထက် ပိုအရေးကြီးတာကတော့ သူမအကြောင်းပါ။

ဘဝနဲ့ပတ်သက်တဲ့အကြောင်းတွေ၊ ခံစားချက်တွေ၊ အတွေးတွေ။ ဒါတွေက သင့်အတွက် အရေးအကြီးဆုံး အချက်အလက်တွေပါ။ သိနိုင်အောင် ကြိုးစားပါ။

.

၈။ သူမအတွက် နေရာလပ်လေးထားပါ။

အတိုင်းအတာတစ်ခုထိ ရင်းနှီးလာပြီဆိုရင်လည်း သူမရဲ့အတွင်းစည်းထဲ အရမ်းကြီးတိုးဝင်မသွားပါနဲ့။ ဥပမာပြောရရင် အတူရှိနေချိန် သူမဖုန်းကို တစ်ယောက်ယောက်က ဆက်ရင်

ဘယ်သူဆက်တာလဲဆိုပြီး မေးတာထက်စာရင် လူကြီးလူကောင်းဆန်ဆန်နဲ့ပဲ သိချင်စိတ်ကို မြိုသိပ်လိုက်ပါ။ သူမအတွက် ကိုယ်ရေးကိုယ်တာ Privacy နယ်နိမိတ်လေးကို

မချိုးဖောက်လိုက်ပါနဲ့။

.

၉။ အမှတ်တရလေးတွေ။

ခင်မင်မှုတွေကနေတစ်ဆင့် အမှတ်တရလေးတွေ အတူဖန်တီးဖို့က သင့်တာဝန်ပါ။ ဒီအမှတ်တရလေးတွေက သင်တို့နှစ်ယောက်ရဲ့ သံယောဇဉ်ကို နှောင်ဖွဲ့ပေးစေနိုင်တဲ့

အကြောင်းတရားတွေထဲက တစ်ခုပါ။ အမှတ်တရဆိုတာ တစ်ခါတစ်လေ သူ့အလိုလိုဖြစ်လာတယ်။ တစ်ခါတစ်လေမှာတော့ တကူးတက ဖန်တီးပေးရတယ်။ အမှတ်တရလေးတွေ

ဖန်တီးတတ်ပါစေ။

.

၁၀။ ချစ်တယ်။

ဒီအခြေအနေမှာတော့ "ချစ်တယ်" ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ သင်ချစ်တဲ့မိန်းကလေးကို သင့်ဘဝထဲလှမ်းခဲ့ဖို့ ကမ်းလှမ်းနိုင်ပါပြီ။

_____________

ပျော်ရွှင်ချမ်းမြေ့သော အချစ်ရေးကိုပိုင်ဆိုင်နိုင်ကြပါစေ...

Source: Focus Youth

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။