မနက် ၁း၁၅ မှာ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းက ရှက်တာဒိုးနက်အသင်းကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။နှစ်သင်းစလုံးဟာ ရမှတ် ၃ မှတ်စီနဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေကြတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ အုပ်စုတွင်းပြိုင်ဘက် ဖီယင်နုကို အနိုင်ကစားထားခဲ့တာဖြစ်ပြီး ရှက်တာဒိုးနက်အသင်းက တော့ နာပိုလီအသင်းကို အနိုင်ကန်ထားတာလည်းဖြစ်ပါတယ်။

မန်စီးတီးရဲ့နောက်ဆုံး ငါးပွဲရလဒ်မှာတော့ ငါးပွဲလုံး ဂိုးပြတ်အနိုင်ရရှိထားတဲ့ ရလဒ်ကောင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းလည်းဖြစ်ပါတယ်။ရှက်တာဒိုးနက်အသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲသရေရလဒ်ကို ပိုင်ဆိုင်ထားတာကိုလည်းတွေ့မြင်ရပါတယ်။မန်စီးတီးအသင်းရဲ့ တိုက်စစ်ကကောင်းမွန်နေတာကြောင့် ရှက်တာဒိုးနက်အသင်း ကိုအနိုင်ကန်သွားမယ်လို့ ထင်မြင်မိပေမဲ့ နာပိုလီကို အနိုင်ကန်သွားတဲ့ ရှက်တာ အသင်းရဲ့ ခြေစွမ်းကိုမေ့ဖျောက်ထားလို့မရနိုင်ပါဘူး။

မန်စီတီးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ အဂူရို၊ ဂျီဆပ်၊ ဘာနန်ဒိုဆေးဗာလ်း၊ ဒီဘရူနီ၊ ဆေးဗာလ်း၊ ဖာနန်ဒင်ဟို တို့ကိုထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ရှက်တာဒိုးနက်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဖာရေရာ၊ ဘားနတ်၊ တိုင်ဆန်၊ မာလော့၊ စတင်ပန်နန်ကို၊ ဖရတ် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကပဲ နိုင်ပွဲဆက်သွားမလား၊ ရှက်တာဒိုးနက်အသင်းကပဲ မဖြစ်နိုင်တဲ့ ရလဒ်ကို လုပ်ဆောင်သွားအုံးမလားဆိုတာတော့ စိတ်ဝင်စားဖွယ်ကောင်းနေတာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။