တောင်ကိုရီးယား အမျိုးသမီး K-Pop အဖွဲ့ KARA ဟာ ချစ်စဖွယ် အမူအရာများကြောင့် လူကြိုက်များလှပါတယ်။ သူတို့ဟာ အဆိုရော၊ အကရောပိုင်နိုင်သူတွေပါ။ ၂၀၀၇ ခုနှစ်မှာ DSP media မှ KARA အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။

ပါ၀င်တဲ့ အဖွဲ့ဝင်တွေကတော့ Park Gyuri, Han Seungyeon, Goo Hara နဲ့ Heo Youngji တို့ဖြစ်ပါတယ်။ အဖွဲ့နာမည် KARA ဟာ ဂရိစာလုံး chara မှဆင်းသက်လာပါတယ်။ အဓိပ္ပာယ်ကတော့ “sweet melody” ပါတဲ့။

KARA ဟာ “Break It” သီချင်းနဲ့ စတင် နာမည်ရလာခဲ့ပါတယ်။ သူတို့ရဲ့ ကျော်ကြားတဲ့ သီချင်းတွေကတော့ “Jumping”, “Lupin”, “Step”, “Pandora” တို့ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ သူတို့ရဲ့ ချစ်စဖွယ် အမူအရာ လေးတွေ၊ ကကွက်လေးတွေကြောင့် သဲသဲလှုပ်ဖြစ်နေရပါတယ်။

Source: Korean Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။