အခုတင်ဆက်မယ့် လူချောလေးကတော့ လူမှုကွန်ယက်ပေါ်မှာ ဂျက်စတင်ဘီဘာနဲ့ တူလွန်းတဲ့အတွက် မြန်မာဂျက်စတင်ဘီဘာလို့ နာမည်ကြီးနေတဲ့ အဆိုုတော်ချောလေး ဟိန်းမင်းသူ ဖြစ်ပါတယ်။ တိုးတိုးတိတ်တိတ် သီချင်းနဲ့ အားပေးမှုအခိုင်အမာရရှိခဲ့ဲ့ ပရိသတ်အချစ်တော်လေး ဟိန်းမင်းသူဟာ (၈)တန်း၊ (၉)တန်း ကျောင်းသား ဘဝမှာကတည်းက သီချင်းရေး သီချင်းတွေတီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဟိန်းမင်းသူက မကြာခင်လာမယ့် အောက်တိုဘာ(၈)ရက်နေ့မှာ သူ့ရဲ့ တစ်ကိုယ်တော် Album အခွေ ထွက်ရှိတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် Fan Meeting ပွဲလေးကို လာမယ့် စက်တင်ဘာ(၃၀)ရက်နေ့မှာ ကန်တော်ကြီး မျှော်စင်ကျွန်းမှ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ပရိသတ်တွေကိုလည်း ထိုပွဲလေးကို တတ်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ထိုပွဲလေးမှာ Fan Shirt ရယ်၊ Lucky draw အစီစဉ်တွေရယ်၊ unplugged Performance & game အစီအစဉ်လေးတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ (၁၀)လပိုင်း(၈)ရက်နေ့မှာ တစ်ကိုယ်တော် အခွေ ထွက်ရှိမှာ ဖြစ်ပြီး Promotion ပွဲကိုတော့ ရန်ကုန်မှာဆိုရင်တော့ လှည်းတန်းစင်တာ outdoor area မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပြီး မော်လမြိုင် ocean center မှာလည်း ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။