မြန်မာနဲ့ကန်ဖို့တောင့်တင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာတဲ့ထိုင်း

ထိုင်းကတော့မြန်မာနဲ့ကန်ဖို့ပွဲအတွက်အကောင်း

ဆုံးလူစာရင်းနဲ့ပွဲထွက်လာခဲ့ပါပြီ။လက်ရှိထိုင်းဘောလုံး

လောကရဲ့အကောင်းဆုံးဆယ့်တစ်ယောက်နဲ့အတူ

ထိုင်းအသင်းဟာမန္တလေးကိုချီတက်လာကြတော့မှာပါ။

ထိုင်းအသင်းအနေနဲ့ကမ္ဘာ့ဖလားအာရှဇုန်နောက်ဆုံးအဆင့်

ပြိုင်ပွဲဝင်ကစားသမားတွေကိုအခြေခံထားတာကြောင့်

လာမယ့်5ရက်နေ့မြန်မာနဲ့ပွဲဟာပွဲကြီးပွဲကောင်းပါပဲ။

ထိုင်းအသင်းဟာထိုင်းပရီးမီးယားလိဂ်

ထိပ်သီးကလပ်မြောင်တောင်အသင်းကို

အခြေခံထားတယ်လို့ပြောလို့ရပါတယ်။

မန္တလေးကိုလာမယ့်ထိုင်းလက်ရွေးစင်25ယောက်မှာ

မြောင်တောင်ကစားသမား9ယောက်ပါဝင်လာပြီး

မြောင်တောင်ပလေယာတွေဟာထိုင်းအသင်းရဲ့

အဓိကLine-upကစားသမားတွေပါ။

ဂိုးသမားကာဝင်၊နောက်တန်းကထရစ်စတန်ဒို၊

ပီရာပတ်၊အလယ်တန်းကတီရာသွန်၊ချာနာတစ်၊

ချာပူရစ်၊ရှေ့တန်းကဆီရော့၊ဒန်ဒါစတဲ့ကစား

သမားတွေအားလုံးဟာမြောင်တောင်ပလေယာတွေဖြစ်ပြီး

ထိုင်းကစားကွက်ကလည်းမြောင်တောင်အသင်းကစား

ပုံနဲ့တော်တော်တူပါတယ်။

လက်ရှိထိုင်းပရီးမီးယားလိဂ်ကိုဦးဆောင်နေသူ

ဘူရီယမ်အသင်းကကစားသမားတွေဖြစ်တဲ့ပန်ဆာ၊ဂျက်ကာဖန်၊နာရူဘိုင်ဒင်၊ဘိုဒင်တို့ပါဝင်လာသလို

ထိပ်သီးကလပ်ချင်ရိုင်းအသင်းကသစ်ဖန်း၊ဆူရိယ

စတဲ့ကစားသမားတွေပါဝင်လာပါတယ်။

ထိုင်းအလယ်တန်းမှာPassingကောင်းတဲ့ကစားသမား

သာနာဘွန်းကနာနေတဲ့အတွက်တယ်ရိုဆာဆနာရဲ့

ဝါရင့်ကွင်းလယ်လူသောင်ဂလိုကိုနည်းပြရာဂျီဗက်ပြန်ခေါ်ထား

ပါတယ်။ထူးခြားမှုတစ်ခုကတော့ထိုင်းဒုတိယတန်းကလပ်

ကရာဘီတိုက်စစ်မှူးဆိူပို့ကိုခေါ်ယူလာခဲ့ခြင်းပါပဲ။

ထိုင်းအသင်းဟာမြန်မာနဲ့ပွဲပြီးရင်ဘန်ကောက်ကိုပြန်ပြီး

8ရက်နေ့မှာကင်ညာနဲ့ခြေစမ်းပွဲကစားသွာဦးမှာပါ။

ကင်ညာနဲ့ပွဲမတိုင်မီအကောင်းဆုံးကစားကွက်

လူစာရင်းကိုမြန်မာနဲ့ပွဲမှာစမ်းသပ်သွားဖို့လည်းရှိနေတာကြောင့်မန္တလာမြေကပွဲကြီးပွဲကောင်းပါပဲ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။