မယ်လိုဒီရဲ့သာလေးဟာ ကားထဲမှာပိတ်ထားမိခဲ့သလိုဖြစ်ခဲ့ပါတယ်။ကားဆရာက သော့ကိုကားထဲမှာထားပြီး ခါးကိုပိတ်မိခဲ့တာပါ။ကလေးကတော့ ကားထဲမှာတစ်ယောက်ထဲကျန်ခဲ့ပြီး အထဲမှာလဲအဲကွန်းလဲမဖွင့်ထားခဲ့ပါဘူး။မယ်လိုဒီကတော့ သားဇောနဲ့တော်တော်လေးကို စိုးရိမ်သွားခဲ့ပါတယ်။သူမကတော့ ဖေ့ဘုတ်စာမျက်နှာမှာအခုလိုပဲရေးသားခဲ့ပါတယ် 

“ကားထဲမှာ သားသားတစ်ယောက်တည်း

ပိတ်မိသွားတယ်ကားသော့ ကားထဲထည့်ပြီး

တံခါးပိတ်လိုက်တဲ့ ကားဆရာကို ကျွန်မ

အပြစ်မတင်ချင်ပါဘူး ဒါပေမဲ့ အဲကွန်းမဖွင့်ထားတဲ့

အလုံပိတ်ကားထဲမှာ ကျွန်မရဲ့ရတနာအလိမ္မာလေးလေ ?

ရင်တစ်ခုလုးံဗြောင်းဆန်သွားတယ် ဒေါသဆိုတာ

ဘယ်ကထွက်ရမှန်းမသိဘူး သားသားအတွက် စိတ်ပူပြီး

သနားနေတာနဲ့ သတိတော်တော်ထားရတယ် သော့ပြင်

ကုလားခေါ်ရင်လည်း နောက်ကျမှာ ကလေးကအသက်

ရှုကြပ်နေမှာ အဲတော့ ကားမှန်ကို ခွဲ ကလေးကိုပြန်ထုတ်

ရင်ထဲမှာ ကတုန်ကရင်နဲ့သားကိုတင်းတင်းကြပ်ကြပ်

ဖက်ထားမိတယ် ? ? ? သားသားတစ်ခုခုဖြစ်ရင်  

ကျွန်မရူးမှာ ဒီနေ့အဖြစ်က သင်ခန်းစာရလိုက်တယ်

ကျွန်မ ပိုကြိုးစားရမယ်လို့ သတိပေးလိုက်သလိုပါဘဲ ?

ဒီစာကို shooting သွားတဲ့ကားပေါ်ကနေရေးနေရင်း

Shooting နောက်ကျလို့ အိမ်ပြန်လှည့်နေတဲ့

အနေအထားပါ အောင်မြင်တဲ့ အနုပညာရှင်

လိုအပ်ချက်မရှိတဲ့မိခင် နှစ်ခုလုးံတော့ ဖြစ်ဖို့မလွယ်ပေမယ့်

ပိုကြိုးစားသွားမှာပါ လို့သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ

ရင်ဖွင့်ရေးသားထားတာတွေ့ရပါတယ်” 

သတင်းအရင်းအမြစ် - Oasis Journal's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။