TVXQ’S ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ယွန်းဟိုဟာ သူငယ်ချင်းဖြစ်သူ ဆွန်းဟိုဂျွန်ရဲ့ ဒရမ်မာသစ်မှာ ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ယွန်းဟိုဟာ ဆွန်းဟိုဂျွန်း ရဲ့ “Confession Couple” အမည်ရှိတဲ့ ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လိုု့ စက်တင်ဘာ(၁၈)ရက်နေ့မှာ အတည်ပြုထားပါတယ်။

ယွန်းဟို ဟာ ဆွန်းဟိုဂျွန်း နာမည်မကြီးခင်ကတည်းက TVXQ အဖွဲ့နဲ့ အလုပ်များနေပေမယ့်လည်း ဆွန်းဟိုဂျွန်းကို ဂရုစိုက်ခဲ့တယ်လို့ အစီအစဉ်အချို့တွေမှာ ပြောခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးရဲ့ friendship ဟာ အနုပညာလောကထဲမှာ နာမည်ကျော်ကြားပါတယ်။ သူတို့ နှစ်ဦးဟာ စစ်ထဲဝင်ချိန်မှာလည်း တူတူဝင်ခဲ့တာ ဖြစ်ပြီး စစ်မှုထမ်းတာဝန်ပြီးပြီးချင်း ပြန်လာခဲ့ပြီး ဆွန်းဟိုဂျွန်းဟာ ပထမဆုံးပြန်လည် ရိုက်ကူးတဲ့ ယွန်းဟိုရဲ့ “Meloholic” ဒရမ်မာဇာတ်ကား ရိုက်ကွင်းကိုလည်း ကောိဖီကားတစ်စီးပို့ပေးခဲ့တယ်လို့ သိရပါတယ်။

“Confession Couple” ဒရမ်မာဇာတ်ကားဟာ အမြဲငြင်းခုံလေ့ရှိတဲ့ စုံတွဲတစ်တွဲဟာ သူတို့ဘဝတွေကို ပြောင်းလဲဖို့ လုပ်ဆောင်ခဲ့တာကို ရိုက်ကူးထားတဲ့ ဒရမ်မာဇာတ်ကား ဖြစ်ပါတယ်။ ထိုဇာတ်ကားမှာ Son Ho Jun နဲ့ Jang Nara တို့က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပါဝင်မယ့် ဇာတ်ဝင်ခန်းတွေကိုတော့ စက်တင်ဘာ(၁၇)ရက်နေ့မှာ ရိုက်ကူးမှာ ဖြစ်ပြီး ပထမပိုင်းကို အောက်တိုဘာ(၁၃)ရက်နေ့မှာ ထုတ်လွှင့်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။