မနက် ၁ း ၁၅ မှာ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မိုနာကိုအသင်းက ပေါ်တိုအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာလည်းဖြစ်ပါတယ်။မိုနာကိုအသင်းဟာ အရင်ပွဲက လိုက်ဇစ် အသင်းနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။ပေါ်တိုအသင်းကတော့ ဘတ်ဆစ်တပ် အသင်းကို ရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်။အုပ်စုတွင်းပြိုင်ဘက်ဖြစ်တဲ့ လိုက်ဇစ် နဲ့ ဘတ်ဆစ်တပ်အသင်း ဟာလည်းတွေ့ဆုံနေခဲ့ပြီဖြစ်ပါတယ်။

မိုနာကိုအသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၃ ပွဲနိုင် ၁ ပွဲရှုံး ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ပေါ်တိုအသင်းရဲ့နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားခဲ့တာလည်းဖြစ်ပါတယ်။ခြေရည်တူနှစ်သင်းတွေ့ဆုံနေတာဖြစ်ပြီး အိမ်ရှင်ဖြစ်တဲ့ မိုနာကို အသင်းဟာ အနည်းငယ်သာတယ်လို့ထင်ရပေမဲ့ ပေါ်တိုအသင်းရဲ့ ချန်ပီယံလိဂ်အတွေ့အကြုံဟာ မိုနာကို အသင်းထက် ပိုမိုသာနေတာကိုလည်းတွေ့မြင်ရပါတယ်။

မိုနာကိုအသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ယိုဗီတစ်၊ ဖယ်ကာအို၊ ဖာဘင်ဟို၊ လိုပတ်၊ သောမက်လီမာ၊ တီယာလီမန်း တို့ကိုထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ပေါ်တိုအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ မာရီဂါ၊ အဘူဘာကာ၊ ဟာရဲဟား၊ ရီယက်၊ ကိုရိုနာ၊ ဘရာဟီမီ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။အိမ်ရှင်အသင်းကပဲ လိုအပ်နေတဲ့အနိုင်သုံးမှတ်ကိုရယူနိုင်မလား၊ ပေါ်တိုအသင်းက ပဲ အဝေးကွင်းမှာ အနိုင်ယူသွားမလားဆိုတာတော့ စောင့်ကြည့်ရမယ်ဗျာ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။