မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဠအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဦးဇင်ဝိုင်းကို ခန့်စည်သူက သူရဲ့ဖေ့ဘုတ်မှာရေးသားဂုဏ်ပြုခဲ့တာပါ။ယခုနှစ်ရဲ့ရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲကို စက်တင်ဘာလ (၂၃)ရက်နေ့နဲ့ (၂၄)ရက်နေ့ မှာ နှစ်ရက်ဆက်တိုက်ရွေးကောက်ခဲ့တာပါ။

ပါ၀င်ရွေးကောက်ခံတဲ့ သရုပ်ဆောင်များစွာရှိသလို ရွေးကောက်ပွဲကိုလာရောက်မဲ့ပေးကြတဲ့ သရုပ်ဆောင်တွေနဲ့အနုပညာအလွှာပေါင်းစုံမှ စည်ကားစွာလာရောက်မဲပေးခဲ့ကြတဲ့အတွက် တော်တော်လည်းအားရကျေနပ်မှုရှိကြောင်း ပြောကြားသံတွေလဲကြားရပါတယ်။ခန့်စည်နဲ့ ဇင်ဝိုင်းဟာ မဲပေးမှုအပြိုင်ရှိခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တော်တော်များများကတော့ ခန့်စည်သူကိုရချင်ကြသလို ဦးဇင်ဝိုင်းကိုလည်းရစေချင်တဲ့သူတွေလဲရှိကြပါတယ်။လွန်ခဲ့တဲ့နာရီပိုင်းမှာပဲ ဥက္ကဠနေရာကို ကျေညာခဲ့တာပါ။ခန့်စည်သူ “Big Congratulations U Zin Wyne

(Chairman of M.M.P.O)

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း အား ဂုဏ်ယူလေးစားစွာ ကြိုဆိုအပ်ပါသည်” ဆိုပြီးဂုဏ်ပြုခဲ့ပါတယ်။

သတင်းအရင်းအမြစ် - ခန့်စည်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။