ယခုနှစ် အပြောင်းအရွှေ့တွင် ဘရာဇီးကစားသမား နေမာသည် ပြင်သစ်လီဂူးကလပ် ပီအကစ်ဂျီသို့ ပြောင်းရွှေ့ခဲ့သည်။ နေမာသည် ဘာစီလိုနာမှနေ၍ ပီအက်စ်ဂျီှသို့ပြောင်းခဲ့တာပါ။ နေမာ၏ ပြောင်းရွှေ့ကြေးကတော့ ယူရို ၂၂၂သန်းဖြစ်သည်။ ထို့ကြောင့်နေမာသည် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ဖြစ်လာသည်။ 

သို့သော် ယခုအခါတွင် နေမာသည် ပီအက်စ်ဂျီအသင်းဖော် ကာဗာနီနှင့် အဆင်မပြေဖြစ်လျက်ရှိသည်။ နေမာတစ်ယောက် ကာဗာနီထက် ပင်နယ်တီကန်သွင်းယူလိုနေခြင်းဖြစ်သည်။ PSG အသင်းမှ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီသည် ပယ်နယ်တီကန်သွင်းရမည့်တာဝန်ကို နေမာအား လွှဲပြောင်းပေးရန် အသင်းပိုင်ရှင်က ကမ်းလှမ်းခဲ့သော်လည်း လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရှိရသည်။ PSG အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် နေမာနှင့် ဘာပေတို့ကို အားဖြည့်ခေါ်ယူပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံးတိုက်စစ်အတွဲအဖြစ် ဖွဲ့စည်းခဲ့သည်။

ကာဗာနီ၊ နေမာနှင့် ဘာပေ တိုက်စစ်အတွဲသည် ပြိုင်ဘက်များအတွက် ကြောက်စရာအနေအထားဖြစ်ခဲ့သည့်နည်းတူ အချင်းချင်းကြားတွင်လည်း ပါ၀ါအားပြိုင်မှု ဖြစ်ပေါ်လာခဲ့သည်။ အထူးသဖြင့် ၀ါရင့်တိုက်စစ်မှူး ကာဗာနီနှင့် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နေမာတို့ ထိပ်တိုက်တွေ့ခဲ့ကြခြင်းဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ် လိုင်ယွန်နှင့် ယှဉ်ပြိုင်ခဲ့သောပွဲ၌ ဖရီးကစ်နှင့် ပယ်နယ်တီကို လုကန်ရန် ကြိုးစားမှုများ ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် အသင်းပိုင်ရှင် အယ်လ်ခီလာဖီက ကာဗာနီအား ပယ်နယ်တီကန်သွင်းသည့်တာဝန်ကို နေမာထံ လွှဲပြောင်းပေးလျှင် ဆုကြေးအဖြစ် ယူရို(၁)သန်းပေးမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ သို့သော် အသင်း၏တတိယအသင်းခေါင်းဆောင်ဖြစ်သော ကာဗာနီက လက်မခံခဲ့ကြောင်း သိရှိရသည်။ PSG အသင်းမှ ကစားသမားအတော်များများကလည်း ပယ်နယ်တီကန်သွင်းခွင့်နှင့်ပတ်သက်၍ ကာဗာနီဘက်မှ ထောက်ခံရပ်တည်ခဲ့ကြကြောင်း သိရှိရသည်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။