မနက် ၁း ၁၅ မှာ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ပွဲစဉ် မှာ နာပိုလီအသင်းဟာ ဖီယင်နုအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ အရင်ပွဲမှာ ရှက်တာဒိုးနက်အသင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ဖီယင်နုအသင်းကတော့ မန်စီးတီးအသင်းကို လေးဂိုးပြတ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့ နောက်ဆုံး ငါးပွဲ ရလဒ်မှာတော့ လေးပွဲနိုင် တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဖီယင်နုအသင်းရဲ့နောက်ဆုံး ငါးပွဲမှာတော့ သုံးပွဲရှုံး နှစ်ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းရဲ့တိုက်စစ်ဟာ တစ်ပွဲကို နှစ်ဂိုးလောက် ပျမ်းမျှ သွင်းယူနေတာကြောင့် ဖီယင်နုအသင်းအနေနဲ့ ပွဲချိန်ပြည့်တောင့်ခံနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး 

နာပိုလီအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ကယ်လီဂျွန်၊ မာတင်၊ အစ်ဇနီ၊ အလန်၊ ဂျော်ဂျင်ဟို၊ ဟမ်ဆစ် တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဖီယင်နုအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဘာဂူရစ် ၊ ကာရာမာ၊ ဘိုတီယက်၊ သောနာစထရာ၊ အာမက်ဒီ၊ ဗယ်ဟီနာ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းအနိုင်သေချာနေပြီး ဂိုးပြတ် မပြတ်သာ စောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။