GFRIEND အဖွဲ့ဝင်ဖြစ်တဲ့ Yerin ဟာ အူအတတ်ပေါက်တဲ့ ဝေဒနာကြောင့် သူမရဲ့ အနုပညာအလုပ်တွေကို ရပ်နားထားရတယ်လို့ သိရပါတယ်။ GFRIEND ရဲ့ Fan café ကနေ Source Music ဟာ တရားဝင် သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

“Yerin ဟာ စက်တင်ဘာ(၂၄)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ SBS Global K-pop Super Concet မှာ ဝမ်းဗိုက်နာကျင်တဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။ သူမဟာ အနီးအနားမှာ ရှိတဲ့ ဆေးရုံကို သွားခဲ့ပြီး အူအတတ်ပေါက်နေတယ်ဆိုတာကို သိခဲ့ရပါတယ်။ GFRIEND ရဲ့ ပရိုမိုးရှင်းတွေမှာ ယာယီ ပါဝင်နိုင်သေးမှာ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပြီး ခွဲစိတ်ရလောက်တဲ့အထိ အခြေအနေမပြင်းထန်ပေမယ့် တကယ့်လို့ အခြေအနေပိုဆိုးလာမယ်ဆိုရင်တော့ ခွဲစိတ်ကုသမှုကို ခံရမှာ ဖြစ်တဲ့အတွက် ဆရာဝန်တွေက အဖြစ်မနေအနားယူဖို့ကို တိုက်တွန်းထားပါတယ်။

ဒါကြောင့် စက်တင်ဘာ(၂၈)ရက်ကနေ အောက်တိုဘာ(၁)ရက်နေ့အထိ ပြုလုပ်မယ့် GFRIEND ရဲ့ လုပ်ငန်းတွေမှာ Yerin ကို ခဏတာ အနားပေးထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Yerin ရဲ့ ကျန်းမာရေးအတွက် ချခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်လို့ ပရိသတ်တွေ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ GFRIEND အဖွဲ့ဟာ မကြာခင်က “Rainbow” အမည်ရှိတဲ့ Album ကို ဖြန့်ချီခဲ့ပြီး လက်ရှိမှာတော့ ခေါင်းစီးတေးဖြစ်တဲ့ “Summer Rain” ကို Promotion ပြုလုပ်နေတာ ဖြစ်ပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။