တရုတ်ပြည်မှ မဟာတံတိုင်းကြီးဟာ ကျောက်တုံးတွေ၊ အုတ်တွေ၊ မြေသားတွေ၊ သစ်သားတွေ နဲ့ အခြား အရာဝတ္ထုတွေ နဲ့ ကျူးကျော်သူတွေ ရန်မှကာကွယ်ရန် တရုတ်ပြည်မြောက်ပိုင်း အရှေ့မှ အနောက်သို့ သွယ်တန်းဆောက်လုပ်ထားတဲ့ သမိုင်းဝင် တံတိုင်းကြီးလည်းဖြစ်ပါတယ်။ တံတိုင်းကြီးရဲ့ အစိတ်အပိုင်းတော်တော်များများကို ဘီစီ ရ ရာစု အစောပိုင်းမှာ တည်ဆောက်ခဲ့တာပါ။ အထူးသဖြင့် ဘီစီ ၂၂၀ ကနေ ၂၀၆ အတွင်း တရုတ်ပြည်ရဲ့ ပထမဆုံး အင်ပါယာ ဘုရင်ကြီး Qin Shi Huang တည်ဆောက်ခဲ့ တဲ့ တံတိုင်းအစိတ်အပိုင်းတွေကတော့ ကျော်ကြားပါတယ်။ လက်ရှိကျန်ရှိနေတဲ့ တံတိုင်းအစိတ်အပိုင်း အများစုဟာ မင်မင်းဆက် လက်ထက်ကတည်ဆောက်ထားတာပါ။

နောက်ထပ် မဟာတံတိုင်းကြီး ကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ နယ်ခြားနယ်နိမိတ်ကို ထိန်းချုပ်ဖို့ပါ။ ပိုးလမ်းမကြီးတစ်လျှောက် ကုန်ပစ္စည်းတွေ ကုန်သွယ်မှုကို အခွန်စည်းကျပ်ဖို့၊ လူဝင်မှုကြီးကြပ်ဖို့၊ တရားဥပဒေစိုးမိုးမှုရှိဖို့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မဟာတံတိုင်းကြီး ရဲ့ ကာကွယ်ရေး စွမ်းပကားကို မြှင့်တင်ပေးတာကတော့ စောင့်ကြည့်တာဝါများ၊ ရဲမက်စစ်သည်စခန်းများ၊ ခိုလှုံရေးစခန်းများ၊ မီးသို့မဟုတ်မီးခိုးငွေ့ နဲ့ အချက်ပြနိုင်တဲ့ စွမ်းရည်များ ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဒီ့အပြင် မဟာတံတိုင်းကြီးဟာ သယ်ယူပို့ဆောင်ရေး စင်္ကြန် အဖြစ် ပါအသုံးဝင်ပါသေးတယ်။

ဘူမိဗေဒ တိုင်းတာစစ်ဆေးမှု တွေ အရ တံတိုင်းအားလုံး ရဲ့ အရှည်ဟာ ၂၁၁၉၆ ကီလိုမီတာ (၁၃၁၇၁ မိုင်) ရှည်လျားပါတယ်။ ယနေ့မှာတော့ တရုတ်ပြည်မှ မဟာတံတိုင်းကြီးဟာ အံသြဖွယ်ရာ ဗိသုကာလက်ရာ အဖြစ် သမိုင်းတွင်လျက်ရှိပါတယ်။

Source: Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။