မနက် ၁း ၁၅ မှာ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အေပိုလ်းအသင်းက စပါးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ဒေါ့မွန်တို့ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် စပါးအသင်းဟာ အေပိုလ်းအသင်းကိုအနိုင်ကန်မှ နောက်တဆင့်အတွက် အခြေနေကောင်းတစ်ခုကို ပိုင်ဆိုင်သွားမှာလဲဖြစ်ပါတယ်။

အေပိုလ်းအသင်းရဲ့ နောက်ဆုံး ငါးပွဲရလဒ်မှာတော့ ၁ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ နောက်ဆုံးငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ တိုက်စစ်ဟာကောင်းမွန်နေတာဖြစ်တာကြောင့် အေပိုလ်းအသင်းအနေနဲ့ အိမ်ကွင်းမှာ အကောင်းဆုံးထိန်းချူပ်ဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။

အေပိုလ်းအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဒီမာကာဂို၊ အဲလွန်ဖစ်၊ ဆာလာ၊ ဇာဟစ်၊ ဗီနီစီးယက် ၊ မိုအာရက် တို့ကိုထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဟာရီကိန်း၊ လိုရန်တေး၊ ဆွန်ယောင်မင်း၊ ဆစ်စီခို၊ ဒိုင်ယာ၊ ဝင့်ခ်၊ အလီ၊ အဲရစ်ဆင်တို့ကိုထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။စပါးအသင်းအနေနဲ့ ပြိုင်ဘက်နှစ်သင်းထိပ်တိုက်တွေ့နေတဲ့ အချိန်မှာ အခွင့်ကောင်းယူပြီး အေပိုလ်းအသင်း ကိုအနိုင်ကန်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။