အွန်လိုင်းပေါ်မှာ တွေ့ဆုံချစ်ကြိုက်တာဟာ ဒီနေ့ခေတ်မှာ သိပ်ပြီးမထူးဆန်းတဲ့အရာတစ်ခုပါ။ ဒါပေမယ့် မျက်နှာကိုလုံးဝပြောင်းသွားစေတဲ့ ပြုပြင်ပေးတဲ့ Applicationတွေ ရာနဲ့ချီပြီးရှိနေတဲ့အခါ အမျိုးသမီးအများစုကနေ ယင်း app တွေကို မသုံးရမနေနိုင်အောင် စွဲမက်လာပါတော့တယ်။ ကိုယ့်မျက်နှာကို လှလှပပလေးလုပ်ပြီး တင်တဲ့အခါ အွန်လိုင်းပေါ်မှာ ယောကျာ်းသားအများစုက သဘောကျပြီး ချစ်ရေးဆိုတဲ့အခါ ယခုလို အပြင်မှာတကယ်တွေ့တဲ့အခါ မဖြစ်သင့်တာတွေဖြစ်လာပါတော့တယ်။

မျိုးရိုးနာမည် Huangလို့သာ ဖော်ပြထားပြီး အမည်ရင်းကို မထုတ်ဖော်တဲ့အမျိုးသားဟာ Wechatမှာ အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီး စကားတွေပြောခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ အဲဒီ့အမျိုးသားဟာ သူ့ရဲ့အွန်လိုင်းပေါ်က ချစ်သူကောင်မလေးနဲ့ တွေ့ဆုံဖို့အတွက် လေယာဉ်စရိတ် မြောက်မြားစွာသုံးပြီး ကောင်မလေးရှိရာကို လာခဲ့ပါတယ်။

တကယ်တမ်း ကောင်မလေးနဲ့တွေ့တဲ့အခါ သူ့စိတ်ကူးထဲကလို Sexyကျကျ၊ ချောမောတဲ့အမျိုးသမီးတစ်ယောက် မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် Huangဟာ ထိုအမျိုးသမီး Xiaojin(အမည်လွှဲ)ကို ဒေါသထွက်ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပါတယ်။ Xiaojinဟာ ဒါသူမရဲ့ မိတ်ကပ်မလိမ်းထားတဲ့မျက်နှာဖြစ်ကြောင်း အော်ရင်း တားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ စကားများနေရင်းနဲ့ နောက်ဆုံးမှာ Huangဟာ လူတွေရှေ့မှာ Xiaojinကို ရိုက်ခဲ့ပြီး Xiaojinမှာ ဒဏ်ရာအတော်များများ ရရှိခဲ့ပါတယ်။

တကယ်တော့ Xiojinဟာ ရုပ်ဆိုးတဲ့ အမျိုးသမီးတွေထဲမှာ မပါပါဘူး။ Huangသာလျှင် ပိုက်ဆံအများကြီးကုန်ကျခဲ့ပြီး သူ့ရဲ့ အွန်လိုင်းချစ်သူဟာ ဓာတ်ပုံထဲကနဲ့ အပြင်မှာ မတူတဲ့အတွက် စိတ်ပျက်ဒေါသဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်မှာ တွေ့ဆုံချစ်ကြိုက်တာမျိုးဟာ အန္တရာယ်များပြီး ကိုယ့်ဘဝရှေ့ဆက်ရမယ့်လမ်းအတွက် လက်တွဲဖော် အစစ်အမှန်ကို ရရှိမှာမဟုတ်နိုင်ပါဘူး။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။