နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူဟာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး နှင့် အရေးပေါ်ကယ်ဆယ်ရေး ပေးဆပ်မှုများကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ဖို့အတွက် ငါးမိနစ်တာ ဇာတ်လမ်းတိုကို ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးကျော်သူက ဒါရိုက်တာဇာတ်လမ်းခွဲပြီး အေးမြတ်သူ၊ ဒေါ်မိုမို့အေး၊ ဦးညီဂျော်၊ ဦးချစ်ပြုံး၊ ထားထက်ထက်၊ အင်ကြင်းထူး နှင့် ဖြူဖြူထွေး တို့က ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဦးကျော်သူဟာ လတ်တလောမှာ MRTV-4 မှ ထုတ်လွှင့်ပြသနေတဲ့ “ပဉ္ဇလက်ရွာ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ယခု ရိုက်ကူးမယ့် ဇာတ်လမ်းတိုကိုတော့ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ထုတ်လွှင့်ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးကျော်သူ အသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားပါတယ်။

"ငါးမိနစ်ဇာတ်လမ်းတို

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အရေးပေါ်ကယ်ဆယ်ရေးးသည့်ေ ပေးဆပ်မှုများအား ပြည်သူလူထု ယခုထက် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာရန်အတွက် (၅)မိနစ်စာရုပ်သံဇာတ်လမ်းတိုအား ယနေ့ ကျွန်တော် ကျော်သူ မှ ဒါရိုက်တာဇာတ်လမ်းခွဲ၍ အေးမြတ်သူ၊ မမို့မို့အေး၊ ညီဂျော်၊ ဦးချစ်ပြုံး၊ ထားထက်ထက်၊ အင်ကြင်းထူး၊နှင့် FBစာမျက်နှာတွင် နာမည်ကြီးနေသော ဖြူဖြူထွေးအပြင် (ကရိန်းထော်လီ)ကိုညီ၊ ကင်မရာမင်း ကိုလင်း၊ အသံ ကိုထွန်းနိုင်၊ မသဲစုလှိုင်နှင့် ကင်မရာမင်းG3(FFSS)တို့မှ မေတ္တာဖြင့် ကူညီရိုက်ကူးခဲ့ရာ မကြာခင်ရက်ပိုင်းအတွင်း TVဖန်သားနှင့် FBစာမျက်နှာများတွင် မြင်တွေ့ကြည့်ရှုရပါတော့မည်ဖြစ်သည်။" လို့ ရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။