မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့တာ ယနေ့ စက်တင်ဘာ(၂၆)ရက်နေ့မှာ ဦးလူမင်းဟာ ရုပ်ရှင်ဥက္ကဌအနေနဲ့ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ သတင်းလို့ ဆိုရမယ့် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ရပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ကတော့ ရုပ်ရှင်အစည်းအရုံးဥက္ကဌရွေးကောက်ပွဲမှာ သတင်းယူတဲ့ အမျိုးသမီးသတင်းသမားတစ်ယောက်ဟာ စားပွဲပေါ်တတ်ပြီး သတင်းယူခဲ့တဲ့ ဖြစ်ရပ်နှင့် ပတ်သက်ပြီးတော့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဦးလူမင်းဟာ သူအသုံးပြုတဲ့ fb စာမျက်နှာမှ တစ်ဆင့် အခုလို သတင်းထုတ်ပြန်လိုက်ပါတယ်။

“တာဝန်ရှိ မီဒီယာ မှ ဝန်ခံပါ၊ တောင်းပန်ပါ ။

ပုံ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး”

ဟု ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထိုဖြစ်ရပ်ကို ရုပ်ရှင်သရုပ်ဆောင် ကျော်ဇင်ထွဋ် - ရန်ကုန်ဖေချစ် အမှတ်မထင် ရိုက်ခဲ့တဲ့ Selfie ဓာတ်ပုံမှတစ်ဆင့် တွေ့မြင်ခဲ့တာ ဖြစ်ပါတယ်။ ထိုသတင်းဟာ လူမှုကွန်ယက်ပေါ်သို့ ပြန့်နှံသွားပြီး အနုပညာရှင်များနှင့် ပရိသတ်များမှ ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။ မရည်ရွယ်ပဲ ရိုက်ခဲ့မိတဲ့ သူရဲ့ Selfie ဓာတ်ပုံကြောင့် တောင်းပန်ထားပြီး သူမကိုလည်း သက်ဆိုင်ရာ လူကြီးများကို ပြန်တောင်းပြန်ရန် တိုက်တွန်းထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။