မြန်မာနိုင်ငံကိုယ်စားပြူ Miss Grand Myanmar တစ်ဦးဖြစ်သူ ရွှေအိမ်စည်ကတော့ ပြိုင်ပွဲမှာ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ARSA ဘင်္ဂလီအကြမ်းဖက်သမားတွေနဲ့ပတ်သက်ပြီး ပဋိပက္ခတွေအကြောင်း နိုင်ငံတကာသိအောင် အမှန်တိုင်းပြန်လည်ပြောပြထားတာပါ။

သူမဟာ ဘာသာစကားနှစ်မျိုးနဲ့ အောက်ပါအတိုင်းပြောပြထားတာပါ။

မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် တစ်ယောက်အဖြစ် Miss Grand ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရတာကို အလွန်ဂုဏ်ယူမိပါတယ်။ အခြားသော အလှမယ် ပြိုင်ပွဲတွေထက် Miss Grand ပြိုင်ပွဲကြီးရဲ့ ထူးခြားချက်ကတော့ ပြိုင်ပွွဲဝင်တွေကို ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အားပေး လှုံ့ဆော်မှုတွေပြုလုပ်စေတာပဲ ဖြစ်ပါတယ်။ ဒီလို ထူးခြားတဲ့ ဂုဏ်ထူးဝိသေသကြောင့်လည်း မြန်မာနိုင်ငံက ပါဝင်လာတဲ့ ပြိုင်ပွဲဝင် တစ်ယောက်အနေနှင့် လတ်တလော ရခိုင်ဒေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခဖြစ်မှု၊ သေဆုံး ပျက်ဆီးမှုတွေအပေါ် မိမိရဲ့ ခံယူချက်နှင့် စာနာပူပန်မှုတွေကို ဘယ်လိုများ ပြောလိမ့်မလဲလို့ မျှော်လင့်ထားမယ်ဆိုတာ နားလည်ပါတယ်။

သူတစ်ပါး ခံစားနေရတဲ့ ဆင်းရဲ ဒုက္ခကို စာနာကြောင်းဖော်ပြရာမှာ လူမျိုးရေး၊ ဘာသာရေး ခံစားချက်မပါပဲ လူသားတစ်ယောက်အနေနှင့်သာ ချဉ်းကပ်သင့်တယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားတစ်ယောက် လက်ငင်း ရင်ဆိုင်နေရတဲ့ အတိ ဒုက္ခဆိုတာဟာ ဘယ်ဘာသာ၊ ဘယ်လူမျိုးမဆို တူညီတဲ့ အလေးထားမှုနှင့် နားလည် စာနာမှု ပေးရမှာ ဖြစ်လို့ပါပဲ။

ဒီနေရာမှာ အရေးကြီးဆုံး အချက် တစ််ချက်ကို မီးမောင်းထိုးပြရရင် အကြမ်းဖက်မှု ဆိုလို့ကတော့ ဘယ်လိုပုံစံမျိုးနှင့် အကြမ်းဖက်တာကို ဖြစ်စေ လူ့အဖွဲဲ့အစည်းမှာ လုံးဝ လက်သင့်ခံလို့ မဖြစ်ဘူး ဆိုတာပါပဲ။ အထူူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်တွေကို အပြစ်မဲ့ အရပ်သူ အရပ်သားတွေကိ ထိခိုက် နစ်နာစေတဲ့ အကြမ်းဖက်မှုမျိုးဆိုရင် ပိုလို့တောင် တွန်းလှန် ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။

မနှစ်က အောက်တိုဘာလမှာ အစိုးရ လုံခြံုရေးနှင့် လူဝင်မှု ကြီးကြပ်ရေး အမှုထမ်းများကို ARSA အကြမ်းဖက် သောင်းကျန်းသူများကို တိုက်ခိုက်ရာကနေ စခဲ့တဲ့ ဖြစ်စဉ်များဟာ ဒီနေ့အခြေအနေမှာတော့ များစွာသော အပြစ်မဲ့ တိုင်းရင်းသား ပြည်သူတွေကိုပါ သတ်ဖြတ်တဲ့ အခြေအနေဆိုးကြီးအဖြစ် ကြီးထွားလာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်များဟာ ကျူးလွန်သူတို့ရဲ့ ဘာသာရေး အစွန်းရောက်မှုကို အခြေခံခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သို့သော် တကယ်တမ်း ပြောရရင် ကမ္ဘာပေါ်မှှာ ရှိရှိသမျှသော ကိုးကွယ်ယုံကြည်မှု ဘာသာတရား အဆုံးအမတိုင်းဟာ ပဋိပက္ခချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးကို မျက်မောက်ပြုတာတွေသာ ဖြစ်သင့်တာ မဟုတ်ပါလား။

အာရကန် ရိုဟင်ဂျာ ကယ်တင်ခြင်းတပ်လို့ သူတို့ကိုယ် သူတို့ အမည်ပေးထားတဲ့ ARSA အကြမ်းဖက် သောင်းကျန်းသူတို့ရဲ့ ဘာသာရေးနှင့် လူမှုအုပ်ချုပ်ရေးပုံစံ တည်ထောင်ဖို့ လှုပ်ရှားတဲ့ တိုက်ခိုက်မှုတွေဟာ ကြီးထွားလာချိန်မှာ စိတ်မကောင်းစွာ တွေ့ရှိရတဲ့ ဖြစ်အင်ကတော့ တစ်ဖက်မှာ သူတို့တွေဟာ ကမ္ဘာ့မီဒီယာကို ထိထိရောက်ရောက် ချုပ်ကိုင်ပြီး အောင်မြင်စွာ စည်းရုံးလှုပ်ရှားနေတာပဲ ဖြစ်ပါတယ်။ ဒီလို အောင်မြင်နေတာ ကြောင့်လည်း ကမ္ဘာ့မျက်နှာစာမှာ အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်နေတဲ့ သူတွေကပဲ အဖိအနှိပ်ခံ ဒုက္ခသည်တွေအလား ပုံမှားရိုက်ထားနိုင်တာ ဖြစ်ပါတယ်။

ယခင်သီတင်းပတ်က အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး တက္ကသိုလ်က ဝါရင့် အတိုင်ပင်ခံတစ်ဦးဖြစ်သူ ပရစ္စယ်လာ ကလာပ် ဖွင့်ဟ ပြောဆိုချက်ထည်းမှာ ဒီ လက်နက်ကိုင် အကြမ်းဖက် သမားများဟာ ဆော်ဒီအရေဗျနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ပြီး ဝင်ရောက်လှုပ်ရှားလာတာလို့ ပါခဲ့ပါတယ်။ ဒီနေရာမှာ အဆိုပါနိုင်ငံတွေက တာဝန်ရှိ အစိုးရ အဖွဲ့အစည်းတွေအနေနှင့် ဒီအကြမ်းဖက် သမားများကို ရပ်တံ့သွားဖို့ ဖော်ထုတ်ခြေမှုန်းရာမှာ လက်တွဲကူညီကြပါလို့ အနူးအညွတ် မေတ္တာရပ်ခံလိုုပါတယ်။ မစ္စ ပရစ္စယ်လာ ကလာပ် ဆီက ကြားရတဲ့ အချက်အလက်တွေက ခါတိုင်း ကမ္ဘာ့ မီဒီယာမှာ ကြားနေကြ သတင်းတွေနှင့် မတူကွဲပြားနေမှာ သတိပြုမိကြပါလိမ့်မယ်။ အခုလို သူက တကယ့် ဖြစ်ရပ်မှန်တွေကို သိရှိနိုင်ရတဲ့ အကြောင်းတစ်ခုကတော့ သူဟာ မြန်မာနိုင်ငံမှာ အမေရိကန်သံရုံး အကြီးအကဲတာဝန်နှင့် အပါအဝင် နှစ်နှင့်ချီပြီး နေထိုင်သွားခဲ့သူ ဖြစ်လို့ပါပဲ။

ဒါ့ကြောင့် အခုလို အထင်မှားမှုတွေ ကင်းပျောက်နိုင်အောင် ရှင်းလင်းနိုင်မယ့် တစ်ခုထည်းသော နည်းလမ်းကတော့ နိုင်ငံတကာက ဘက်မလိုက်ဘဲ ဖြစ်ပေါ်နေတဲ့ ပကတိ အခြေအနေကို လာရောက်လေ့လာကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာက သမာသမတ်ကျတဲ့ ဆင်ခြင်တုံတရားနှင့်သာ လာကြည့်မယ်ဆိုရင် အမှားတွေ ကွယ်ပျောက်ပြီး 

အမှန်တရား ပေါ်ထွက်လာမယ်လို့ လေးနက်စွာ ခံယူမိပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ အချို့သော မသမာသူတွေဟာ ဒေသအေးချမ်းသာရေးကို ခြိမ်းခြောက်ပြီး အဖျက်မှောက်တွေလုပ်ကာ ပြည်နယ်ကို သမာသမတ်ကျတဲ့ လေ့လာသူတွေ လာမကြည့်နိုင်အောင် လုပ်နေကြတာလည်း တစ်ဖက်က တွေ့မြင်နေရမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းနေမှုကိုယ်တိုင်ကကို အစွန်းရောက် အကြမ်းဖက်သမားများဟာ အမှန်တရားကို ဖုံးကွယ်ဖို့ မရိုးမသား ဆောင်ရွက်နေတာကို ပိုမို ထင်ရှားစေနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပရိသတ်များအားလုံးအနေနှင့် မြန်မာနိုင်ငံမှာ အမှန်တကယ် ဘာတွေ ဖြစ်နေလဲဆိုတာကို သိရှိအောင် ကိုယ်တိုင် လာရောက် ကြည့်ရှုလှည့်ပါလို လေးလေးနက်နက် ဖိတ်ခေါ်လိုက်ပါရစေ။

ကျေးဇူးတင်ပါတယ်ရှင်။

Source  :ShweEainsi fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။