ရုပ်ရှင်အစည်းအရုံးဥက္ကဌရွေးကောက်ပွဲမှာ ဓာတ်ပုံရိုက်ခဲ့တဲ့ အမျိုးသမီးသတင်းသမားတစ်ယောက်ဟာ လူကြီး စားပွဲပေါ်တတ်ပြီး သတင်းယူခဲ့တဲ့ သတင်းဓာတ်ပုံဟာ ရုပ်ရှင်သရုပ်ဆောင် ကျော်ဇင်ထွဋ်ရဲ့ အမှတ်မထင် ရိုက်ခဲ့တဲ့ selfie ဓာတ်ပုံမှ တစ်ဆင့် လူမှုကွန်ယက် စာမျက်နှာမှာ ပြန့်နှံ့သွားပြီး ပရိသတ်များနဲ့ အနုပညာရှင်များမှ ဝေဖန်မှုများရှိခဲ့ပါတယ်။ သရုပ်ဆောင် ကျော်ဇင်ထွဋ်-ရန်ကုန်ဖေချစ် က သူအမှတ်တမဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံမှာ သတင်းထောက်မလေး ပါလာတဲ့ အကြောင်းကို အခုလိုပြောထားပါတယ်။

"26-9-2017 လူမှု့ကွန်ယက် FB မှာ ပြန့်နှံ့နေတဲ့ ဒီပုံတွေ နဲ့ ပတ်သက်ပြီး လူတစ်ဦးတစ်ယောက် မှ Media သမားတစ်ယောက် ကို ချွန်တွန်းလုပ်ပြီး ရိုက်ထားတယ်လို့ထင်မှာစိုးလို့ဖြစ်ပါအိ ။ မှတ်ချက် ။ ။ အဲ့ဒီအချိန်မှာ အားလုံးက လွန်စွာစိတ်လှုပ်ရှားပြီး လွန်စွာပျော်နေကြအိ ။ ရန်ကုန်ဖေချစ်တောင် ကိုယ်ရိုက်တဲ့ ပုံမှာ အဲ့ကောင်မလေး ပုံပါလာတာ ကို သတိမထားလိုက်မိဘူး ဖြစ်သွားအိ ။ မရည်ရွယ်ပဲ ညီမလေး ရဲ့ လုပ်ရပ် ကို ရိုက်မိလိုက်လို့ ရန်ကုန်ဖေချစ် တောင်းပန်ပါအိ ။ ညီမလေးလည်း သက်ဆိုင်သူ လူကြီးများ ကို အမြန်ဆုံး တောင်းပန်သင့်အိ ။ ညီမ ဘယ်သူလဲ ၊ ဘာအလုပ်လုပ်လဲတော့ အကိုယ်တကယ်မသိပါ ။ အထူးမှတ်ချက် ။ ။ ညီမလေး လုပ်ခဲ့တဲ့ လုပ်ရပ်ကတော့ တော်တော်ရိုင်းပြီ ၊ တော်တော်ရွံဖို့ကောင်းအိ" ဟု ရေးသားထားပြီး

သရုပ်ဆောင် ဒါရိုက်တာ သားညီမှလည်း

"ဒါကတော့ တော်တော်များသွားပြီဗျာ..။

ကျွန်တော်တို့အနုပညာရှင်တွေများ..နည်းနည်းမလွဲလိုက်နဲ့ ဝိုင်းရေးလိုက်ကြတာ ရစရာမရှိဘူး..။ အခု လူကြီးတွေအများကြီးလည်းရှိတယ်ဗျာ

အစည်းအဝေးခန်းမကြီးမှာဗျာ.. လံုံးဝမဖြစ်သင့်ပါဘူး..။

ဘယ်အဖွဲ့ကလည်း တရားဝင်တောင်းပန်သင့်ပါတယ် ... ။" သားညီ က သူ့ရဲ့ fb စာမျက်နှာမှာ ရေးသားထားပြီး ဒါရိုက်တာ ညိုမင်းလွင်ကလည်း

“ဓာတ်ပုံရိုက်တာကလည်း လွန်လွန်းပါတယ်ဗျာ.. ပြီးရင် ဖိနပ်ချွတ်တတ်တာပဲ.. လို့များ ပြန်ချေပဦးမလား မသိဘူး..။ စာရွက်စာတမ်းတွေတင်တဲ့စားပွဲ၊ အစည်းအဝေးလုပ်ရင် ရေတို့၊ အစားအသောက်တို့ တင်တဲ့ စားပွဲကို မိုက်ရိုင်းလွန်းပါတယ်” လို့ ပြောထားပါတယ်။ ရုပ်ရှင်ဥက္ကဌ ဦးလူမင်းမှလည်း “တာဝန်ရှိ မီဒီယာမှ ဝန်ခံပါ၊ တောင်းပန်ပါ” လို့ လည်း ပြောကြားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။