ဂျပန် မြန်မာ ပူးတွဲရိုက်ကူးထားတဲ့ "ဇာတိမြေ" ဇာတ်ကား ကြီးဟာဆိုရင်ဖြင့် အောင်မြင်စွာ ရိုက်ကူးပြီးစီးခဲ့ပြီလို့ သိရပါတယ်။ ပါဝင်ရိုက်ကူးခဲ့ကြတဲ့ အနုပညာရှင်တွေလည်း အမှတ်တရတွေနဲ့အတူ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပရိသတ်စိတ်ဝင်တစားဖြစ်နေတဲ့ မိုကီရာဆာကီဝင်း နဲ့ပတ်သတ်ပြီး အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး ဝတ်မှုန်ရွှေရည်ရဲ့ အမြင်ကို Sunday Journal မှာ ယခုလိုဖြေဆိုထားတာ တွေ့ရပါတယ်။

"အလုပ်လုပ်လို့ကောင်းပါတယ်။ အဆင်ပြေပါတယ်။ ပြီးတော့ သူကလည်း တကယ်ကို ဒီကားနဲ့ပတ်သတ်ပြီး စိတ်လှုပ်ရှားနေပြီး အားထည့်ထားတယ်လို့ မြင်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူကမြန်မာစကားမှာ နည်းနည်းအခက်အခဲရှိတယ်လို့ ပြောပါတယ်။ သူ့ကိုမေးကြည့်တော့ စာဖတ်တာလည်း အရမ်းကျွမ်းကျွမ်းကျင်ကျင် မဖတ်နိုင်ဘူးပေါ့နော်။ 

ဒါပေမဲ့ အဲ့တာကိုတောင် သူကရိုက်ကွင်းပေါ်ရောက်ရင် dialogue တွေက ကျက်ထားပြီးသား။ သူအဲ့လိုမျိုး သေချာပြင်ဆင်ထားတာကိုတော့ တွေ့ရတယ်ပေါ့နော်" ဆိုပြီး သူမအမြင်ကို ပြောပြထားပါတယ်။

လောလောဆယ်မှာတော့ ရွှေကစ်တစ်ယောက် Bella cosmetics အတွက် ကြော်ငြာကို ခင်ဝင့်ဝါ ပန်းရောင်ချယ် ထိပ်ထိပ် မေတိုးခိုင်တို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ......

Source: Sunday Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။