မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အိမ်ရှင်အေပိုလ်းအသင်းကို စပါးအသင်းက ၃ ဂိုး ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ အဖိုးတန်သုံးမှတိကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ထိပ်တိုက်တွေ့ဆုံနေခဲ့ကြောင့် စပါးအသင်းရရှိလာတဲ့ အခွင့်အရေးကို အမှားမခံပဲ အေပိုလ်းအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ရမှတ်တူကာ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပြီလည်းဖြစ်ပါတယ်။

အေပိုလ်းအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ကာမာဂို ၊ဇာဟစ်၊ ဆယ်လိုင်၊ အလွန်ဖစ်၊ ဗီနီစီးယက် ၊မိုအာရက် တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဟာရီကိန်း၊ ဆစ်ဆိုခို၊ ဆွန်ယောင်မင်း၊ ထရစ်ပါ၊ ဟယ်ရီဝင့်ခ်၊ ဒိုင်ယာ၊ အော်ရီယာ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အေပိုလ်းအသင်းဟာ စပါးအသင်းကို အကောင်းဆုံးယှဉ်ကစားခဲ့ပေမဲ့ ဟာရီကိန်းရဲ့ဂိုးတွေကိုတော့ ထိန်းချူပ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

စပါးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၃၉ မိနစ်မှာ ဟာရီကိန်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ စပါးအသင်းတစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပါတယ်။ဒုတိယပိုင်း ၆၂ မိနစ်မှာ ဟာရီကိန်းကပဲ စပါးအသင်းအတွက်ဒုတိယမြောက်အနိုင်ဂိုးကိုသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။စပါးအသင်းအတွက် တတိယမြောက်ဂိုးကိုတော့ ဟာရီကိန်းကပဲ သူရဲ့ ဟတ်ထရစ်ဂိုးအဖြစ် ၆၇ မိနစ်မှာသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။