ရခိုင်ပြည်နယ် မောင်တောဒေသနှင့်တစ်ဝိုက်တွင် အကြမ်းဖက်များက သောင်းကျန်းဆူပူလျက်ရှိသည်။ ARSA ဟုအမည်ပေးထားသည့် မူဆလင်အစွန်းရောက် အဖွဲ့က သောင်းကျန်းဆူပုလျက်ရှိသည်။ အဆိုပါ အဖွဲ့အနေဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်လျက်ရှိသည်။ ယခုအခါတွင် ထုတ်ပြန်ချက်များအရ မောင်တောဒေသတွင် ARSA တို့၏သတ်ဖြတ်အကြမ်းဖက်မှုကြောင့် သေဆုံးသူနှင့်ပျောက်ဆုံးသူပေါင်း ၂၅၄ဦးရှိလာပြီဖြစ်သည်။

အစုံအလင်မှာ မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှစ၍ စက်တင်ဘာ ၂၆ ရက်နေ့အထိ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၃ ဦး၊ ပျောက်ဆုံးနေသူ (၉၁) ဦး၊ စုစုပေါင်း ဆုံးရှုံးမှု (သေဆုံး/ပျောက်ဆုံး) ၂၅၄ ဦး ရှိကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်ချက်အရ သိရသည်။ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ စီးနင်းတိုက်ခိုက်မှုကြောင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်မှ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ထိ အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်မှူး၊ နို်င်ငံ့ဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ အပါအဝင် (၇၉) ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူ (၃၇) ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၂၆ ရက် ယနေ့အထိ သေဆုံးခဲ့သည့် ဟိန္ဒူဘာသာဝင်များ၊ ရခိုင်တိုင်းရင်းသားများ၊ ဒိုင်းနက်၊ မြို၊ နို်င်ငံ့ဝန်ထမ်းများ၊ လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့ပြည်သူများ အပါအဝင် ၈၄ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူ ၅၄ ဦး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

Source – Eleven , သတင်းထုတ်ပြန်ရေးကော်မတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။