အာဆီယံဘောလုံးဘုရင်ထိုင်းကိုအနိုင်ယူဖို့မြန်မာလူစာရင်းထွက်ပြီ

မန္တလေးမြို့မှာကျင်းပမည့်ထိုင်းနဲ့မြန်မာပွဲအတွက်နှစ်သင်း

စလုံးလူစာရင်းတွေထုတ်ပြန်ခဲ့ပါပြီ။ဒီပွဲကိုတော့နောက်လ5ရက်နေ့မှာမန္တလာမြေမှာကျင်းပမှာပါ။

ထိုင်းအသင်းဟာဒီပွဲအတွက်ဂျပန်မှာသွားရောက်ကစား

နေတဲ့ဆပ်ပိုရိုကွင်းလယ်လူချန်နာတစ်ကိုတောင်ခေါ်ယူ

ထားခဲ့ပါတယ်။ဒဏ်ရာကနေပြန်သက်သာလာတဲ့

မြောင်တောင်ဂိုးသမားကာဝင်ကိုလည်းတစ်ပါတည်း

ခေါ်ဆောင်လာခဲ့ပါတယ်။ရှေ့၊လယ်၊နောက်ကစားသမား

တွေအားလုံးထိုင်းလိဂ်ရဲ့အကောင်းဆုံးတွေပါ။ထိုင်းအသင်း

နည်းပြကတော့ဂါနာကိုကမ္ဘာ့ဖလားရှုံးထွက်အဆင့်

ပို့ဆောင်ပေးခဲ့တဲ့မီလိုဗန်ရာဂျီဗက်ပါ။

ုမြန်မာအသင်းဟာဒီပွဲပီးရင်ကာဂျစ်နဲ့အာရှဖလား

ခြေစစ်ပွဲကစာရမှာပါ။ကာဂျစ်နဲ့ပွဲမှာသာရလဒ်မကောင်း

ရင်ဂတ်ရဲ့နည်းပြထိုင်ခုံလှုပ်လာမှာအမှန်ပါပဲ။ဂျာမန်ကြီး

အတွက်ဒီပွဲကတော့ကာဂျစ်နဲ့ပွဲအတွက်အကောင်းဆုံး

ပြင်ဆင်မှုပါ။မနေ့ကထိုင်းနဲ့ပွဲအတွက်လူစာရင်းကို

မြန်မာတို့ထုတ်ပြန်လိုက်ပါတယ်။ထုံးစံအတိုင်း

ဂတ်ကတော့လူရွေးချယ်မှုနဲ့ပါတ်သက်ပြီးအဝေဖန်ခံရပါတယ်။

မစ္စတာဂတ်အနေနဲ့အသင်းနဲ့အတော်ကြာဝေးကွာနေတဲ့

ကောင်းဆက်နိုင်ကိုရွေးချယ်မှု၊ကျော်ဇင်ဖြိုးလိုဝါရင့်

ဂိုးသမားတွေအစားဆန်းဆက်နိုင်ကိုခေါ်ယူလာမှု

စသဖြင့်အဝေဖန်ခံနေရပါတယ်။ထိုင်းအသင်းမှာယူ-22က

ဆူရိယတစ်ယောက်သာပါဝင်နေခဲ့ပေမယ့်မြန်မာအသင်းကတော့ယူ-22ကိုဒေါက်တိုင်ထားပြီးဖွဲ့စည်းထားခဲ့ပါတယ်။

စည်သူအောင်၊မောင်မောင်လွင်တို့ပြန်လည်ပါဝင်လာခဲ့ကိုတော

့ကြိုဆိုရမှာဖြစ်ပြီးရှမ်းတိုက်စစ်အတွဲဖြစ်တဲ့ဇင်မင်းထွန်း၊

ဒွေးကိုကိုချစ်တို့ကိုခေါ်ယူခဲ့ဘယ်လောက်အကျိုးရှိမလဲ

စောင့်ကြည့်ချင်စရာပါ။မြန်မာအသင်းရဲ့25ယောက်ကတော့

အောက်မှာဖော်ပြပေးထားပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။