အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် ကူညီပံ့ပိုးပေးမည့် KBZ ဘဏ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကကြီးမှူ းကျင်းပမည့် ၂၀၁၆ ပရော်ဖက်ရှင်နယ် အမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် KBZ Bank က ကျပ်သိန်း ၃၀၀၀ ပံ့ပိုးရန် စီစဉ်နေကြောင်း သိရသည်။ KBZ Bank သည် ယင်းပြိုင်ပွဲအတွက် Title Sponsor အဖြစ် ပံ့ပိုးကူညီရန် မူလကတည်းက သတောတူညီမှု ရယူထားသော်လည်း အောက်တိုဘာ ၂၈ ရက်က ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ပံ့ပိုးမည့် ငွေပမာဏကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

KBZ Bank သည် ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ငွေကြေးပံ့ပိုးမည့်အပြင် ကိုယ်ပိုင်အသင်းတည်ထောင်ကာ ပြိုင်ပွဲဝင်ရန် စီစဉ်နေကြောင်း သိရသည်။ KBZ Bank သည် MNL ပြိုင်ပွဲယှဉ်ပြိုင်နေသည့် ရှမ်းယူနိုက်တက်အသင်းနှင့် ပူးပေါင်းကာ ယှဉ်ပြိုင်ဖွယ်ရှိနေပြီး အကယ်၍ မပူးပေါင်းဖြစ်ပါက သီးခြားဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

KBZ Bank သည် မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် အစဉ်တစိုက် ပံ့ပိုးကူညီခဲ့သည့် ကုမ္ပဏ္ဏီကြီးဖြစ်ပြီး ယခုနှစ်အတွင်း လေးနိုင်ငံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲကျင်းပရန် Title Sponsor အဖြစ် ကူညီပံ့ပိုးခဲ့သလို ၂၀၁၇ ခုနှစ်တွင် ဆီးဂိမ်းစ်ပြိုင်ပွဲမတိုင်မီ ကျင်းပမည့် ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲကျင်းပရန်လည်း ပံ့ပိုးကူညီမည်ဖြစ်ကြောင်း သိရသည်။

Local Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။