အမေရိကန်အစိုးရကတော့ မြောက်ကိုရီးယားအစိုးရ၏ပြောစကားကို ငြင်းဆန်လိုက်ပါတယ်။ မြောက်ကိုရိးယားအစိုးရက အမေရိကန်အနေဖြင့် မိမိတိုပကို စစ်ကြေငြာနေသည်ဟု စွပ်စွဲခဲ့တာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယား အစိုးရအား စစ်ကြေညာခဲ့သည်ဟု မြောက်ကိုရီးယား၏ စွပ်စွဲချက်များသည် အဓိပ္ပာယ်မရှိကြောင်း အမေရိကန်က ပယ်ချခဲ့သည်။ ယင်းအချိန်တွင် ပြုံယမ်းက အမေရိကန် ဗုံးကြဲလေယာဉ်များအား ပစ်ချပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် အသင့်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းသည် ခြိမ်းခြောက်မှုများ ဆက်လုပ်ဆောင်နေပါက ကြာရှည်ခံတော့မည် မဟုတ်ကြောင်း ထရန့်က ပြီးခဲ့သော သီတင်းပတ်တွင် ခြိမ်းခြောက်မှုကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက နယူးယောက်ရှိ ဟိုတယ်အပြင်ဘက်၌ တုံ့ပြန်ပြောကြား ခဲ့ခြင်းဖြစ်သည်။ ယင်းစကားလုံး စစ်ပွဲများသည် အမှန်တကယ် အခြေအနေသို့ မပြောင်းသွားစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ခဲ့သည်ဟု ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့သည့် ရီယောင်ဟိုက ပြောကြားခဲ့သည်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်သမ္မတ ဒေါ်နန် ထရန့်အနေဖြင့် မြောက်ကိုရီးယားကို ချေမှုန်းမည်ဟု ပြောခဲ့ပါတယ်။ ဒါ့အပြင် အရေးယူမယ်လို့လည်း အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ထရန့်အနေဖြင့် မြောက်ကိုရီးယားကို ပြည်ဝင်ခွင့်ပေးလိုက်ပါတယ်။ ဒါ့အပြင် အခြားနိုင်ငံ ၂နိုင်ငံလည်း ပါ၀င်ပါတယ်။ အခြားနိုင်ငံ ၂နိုင်ငံကတော့ ဗင်နီဆွဲလားနိုင်ငံနှင့် ချက်နိုင်ငံတို့ဖြစ်ပါတယ်။ အမေရိကန် အစိုးရက ယခင်ကတော့ ပြည်ဝင်ခွင့်ပိတ်ထားတဲ့နိုင်ငံတွေလည်းရှိပါတယ်။ အဆိုပါ နိုင်ငံတွေကတော့ အီရန် ၊ လစ်ဗျား ၊ ဆီးရီးယား ၊ ဆိုမာလီယာ ၊ ယီမင် တို့ဖြစ်ပါတယ်။ ထို့ကြောင့် ယခုအခါ မြောက်ကိုရီးယား ၊ ဗင်နီဆွဲလား နှင့် ချက် ၃နိုင်ငံတိုပါ၀င်လာပါတယ်။ ဒါ့ကြောင့် ယခုအခါမှာတော့ အမေရိကန်ကပိတ်ထားတဲ့ နိုင်ငံအနေဖြင့် ၈နိုင်ငံထိရှိလာပြီဖြစ်ပါတယ်။

Source – RFA , Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။