ယနေ့ညမှာတော့ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်များကို ကစားသွားမှာပါ။ မြန်မာစံတော်ချိန် မနက် ၁း၁၅မှာ ကစားသွားကြမှာပဲဖြစ်ပါတယ်။ ဒီညမှာတော့ ပွဲကြီးပွဲကောင်းများစွာ ပါ၀င်နေပါတယ်။ ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်၊ ချယ်ဆီးနှင့် အက်သလက်တီကိုမက်ဒရစ်တို့ ကစားကြမှာပါ။

အင်္ဂလန် ကလပ်ဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်ကတော့ စီအက်ကေအေမော်စကိုနှင့် ကစားရမှာပါ။ မန်ချက်စတာယူနိုင်တက်ကတော့ အဝေးကွင်းမှာ ကစားရမှာပါ။ စီအက်ကေအေမော်စကိုကတော့ မန်ချက်စတာယူနိုင်တက်အတွက် လွယ်ကူတဲ့ ပြိုင်ဘက်မဟုတ်ပါဘူး။ ဒါ့အပြင် မော်စကိုအိမ်ကွင်းကလည်း ရာသီဥတုက ကြမ်းပါတယ်။

မန်ချက်စတာယူနို်င်တက်ကော စီအက်ကေအေမော်စကို ၂သင်းစလုံးက ချန်ပီယံလိဂ်အဖွင့့်ွဲတွေကို အနိုင်ရရှိထားပါတယ်။ မန်ချက်စတာယူနိုင်တက်ကလည်း ဖယ်လိုင်နီဒဏ်ရာရရှိထားပါတယ်။ စီအက်ကေအေမော်စကိုကတော့ မာမာထန်ထန်ကစားလာဖို့များပါတယ်။ ဒီပွဲကတော့ မန်ချက်စတာယူနို်င်တက်အနေဖြင့် ဂီုးအနည်းနှင့် နိုင်ဖို့ များနေပါတယ်။

Hein (Mg Lu Aye)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။