တရုတ်မင်းသမီးချော Liu Yifei လုရီဖေး ကို သြဂုတ်လ ၂၅ ရက်၊ ၁၉၈၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ Crystal Liu လို့လည်းလူသိများပါတယ်။ မြန်မာပရိသတ်တွေ အတွက်တော့ သိန်းဌက်သူရဲကောင်းဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင် ထားတဲ့ မင်းသမီးချောလေးကို မှတ်မိကြမယ်ထင်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ သူမဟာ တရုတ်ပြည်ရဲ့ အကျော်ကြားဆုံး မင်းသမီးလေးယောက်ထဲမှာ တစ်ယောက်အပါအဝင်အဖြစ်သတ်မှတ်ခြင်းခံရပါတယ်။

လုရီဖေးကို တရုတ်ပြည် Wuhan, Hubei မှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ အဖေကတော့ ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရဲ့ ပထမ အတွင်းဝန်ပါ။ သူမရဲ့ အမေကတော့ အက နဲ့ အစီအစဉ် တင်ဆက်သူပါ။ သူမရဲ့ မိဘတွေကတော့ အသက် ၁၀ နှစ်အရွယ်မှာ ကွာရှင်းခဲ့ကြပြီး သူမကို သူမရဲ့ မိခင်ကပဲ ကြီးပြင်းအောင်ပြုစုစောင့်ရှောက်ခဲ့တာပါ။ သူမ ၁၁ နှစ်သမီး အရွယ်မှာ အလယ်တန်းကျောင်းတက်ဖို့ သူမ မိခင်နဲ့ အတူ နယူးယောက်မြို့ကိုထွက်သွားခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ တော့ မင်းသမီးလုပ်ဖို့ တရုတ်ပြည်ကို ပြန်လာခဲ့ပါတယ်။၂၀၀၆ ခုနှစ်မှာ သူမဟာ ဘေဂျင်း အကယ်ဒမီကနေ ဘွဲ့ရရှိခဲ့ပါတယ်။

သူမပါ၀င်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွေကတော့ “Love of May”, “The Forbidden Kingdom”, “A Chinese Fairy Tale”, “White Vengeance”, “The Assassins”, “Night Peacock” စသည်တို့ဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ် ချစ်စရာ ပုံစံလေးကြောင့် ပရိသတ်တွေ ရင်ကိုအမြဲ ထိစေတယ့် မင်းသမီးလေးပါ။

Source: Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။