ယနေ့ညမှာတော့ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲစဉ်များကို ကစားသွားမှာပါ။ မြန်မာစံတော်ချိန် မနက် ၁း၁၅မှာ ကစားသွားကြမှာပဲဖြစ်ပါတယ်။ ဒီညမှာတော့ ပွဲကြီးပွဲကောင်းများစွာ ပါ၀င်နေပါတယ်။ ပီအက်စ်ဂျီနှင့် ဘိုင်ယန်မြူးနစ်၊ ချယ်ဆီးနှင့် အက်သလက်တီကိုမက်ဒရစ်တို့ ကစားကြမှာပါ။

စပိန်ထိပ်သီးတစ်သင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်ကတော့ ချယ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားမှာပါ။ အက်သလက်တီကို မက်ဒရစ်ကတော့ လက်ရှိအချိန်မှာ ခြေစွမ်းက ယခုရာသီမှာ ရှုံးပွဲမရှိသေးပါဘူး။ သို့သော် ချန်ပီယံလိဂ်အဖွင့်ပွဲမှာတော့ သရေသာကစားနိုင်ခဲ့ပါတယ်။ ချယ်ဆီးကတော့ အဖွင့်ပွဲမှာ အနိုင်၃မှတ်ရထားပါတယ်။

ချယ်ဆီးအသင်း၏ တိုက်စစ်မှူး မိုရာတာက လက်ရှိအချိန်မှာ ခြေပြန်ပြလာပါတယ်။ ပြီးခဲ့တဲ့ စတုတ်စီးတီးနှင့်ပွမြှာလည်း ဟက်ထရစ်ရယူနိုင်ခဲ့ပါတယ်။ ချယ်ဆီးက နောက်ပိုင်းမှာ ခြေစွမ်းပြန်ကောင်းလာတာ တွေ့ရပါတယ်။ ဒီပွဲကတော့ ၂သင်းစလုံးက အမှားစောင့်ပြီး ပွဲကို ထိန်းစောင့်သွားဖို့ များနေပါတယ်။ သရေကျသွားမည့် ပွဲဖြစ်လာနို်င်ပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။