မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က သူမဟာ ကလေးဗိုလ် ဖြစ်နေတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ(၂၆)ရက်နေ့က ပင်လယ်စတူဒီယိုမှာ မင်းသမီးသစ်လေးများနဲ့အတူ Hearty Heart Cosmetics ကြော်ငြာရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ထိုကြော်ငြာမှာတော့ ဝတ်မှုံရွှေရည်၊ ခင့်ဝင့်ဝါ၊ ဂရေဟမ်ရဲ့ သမီး ပန်းရောင်ခြယ်၊ ခိုင်သင်းကြည်ရဲ့ သမီးဖြစ်သူ စံထိပ်ထားဦး၊ အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင် နှင့် ဝတ်မှုံရွှေရည်ရဲ့ ညီမ နဒီရွှေရည်တို့နှင့် အတူ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သူမ fb မှာ အခုလို ပြောထားပါတယ်။ “ဒီနေ့ကလေးဗိုလ် ဖြစ်နေတယ်.. အသစ်ထွက်မယ့် Heary Heart Cosmetics ကြော်ငြာ လေးပါ..” ဟု ပြောထားပါတယ်။

ကစ်လို့ ချစ်စနိုး ခေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ဟာ လတ်တလော အနုပညာလှုပ်ရှားမှုတွေကတော့ ဇာတ်ကားများ ရိုက်ကူးနေပြီး ကြေညာများ၊ အခမ်းအနားပွဲများ တတ်ရောက်ခြင်းနှင့် ဓာတ်ပုံကြေညာများ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ “ဇာတိမြေ” ဆိုတဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Source - ဝတ်မှုံရွှေရည်

Photo - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။