မိမိကိုယ်တိုင်က ခွေးချစ်တတ်လို့ ခွေးလေးမွေးထားတာပဲဖြစ်ဖြစ်၊ မိသားစုထဲက တစ်ယောက်ယောက်က အိမ်မှာ ခွေးလေး မွေးထားတာပဲဖြစ်ဖြစ် ဒီအချက်လေးကို သိထားဖို့ လိုအပ်ပါတယ်။ ခွေးလေးတွေက သူတို့မှာ ရောဂါ ခံစားနေရရင် လူတွေ နားလည်အောင် မပြောပြတတ်တာမို့ သနားစရာ ကောင်းပါတယ်။ သူတို့ကို မွေးထားပြီး ကိုယ့်အိမ်သားတစ်ယောက်လို ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ အိမ်က ခွေးလေးတွေကို ဒီလိုမျိုး သွေးတွင်းကပ်ပါးပိုးရောဂါ ကူးမယ်ဆိုရင် ဘယ်လိုအခြေအနေလေးတွေ ဖြစ်နိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

သွေးတွင်းကပ်ပါးပိုးရောဂါ ဘာကြောင့်ဖြစ်ရတာလဲ

အထူးသဖြင့်တော့ ရောဂါပိုးကူးစက်ခံရတဲ့ ကပ်ပါးကောင်လေးတွေ၊ ခွေးသန်းတွေကနေ တစ်ဆင့် ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ခွေးလေးတွေရဲ့ သွေးနီဥကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ခွေးလေးတွေက နေလို့ မကောင်းဘူး၊ အစားအသောက်ပျက်မယ်၊ အားနည်းလာမယ်၊ တမှိုင်မှိုင် ဖြစ်လာပါလိမ့်မယ်။ ဒီလို ဖြစ်နေချိန်မှာ ရောဂါမကုသဘဲ သတိလက်လွတ်နေမယ်ဆိုရင်တော့ ခွေးလေးတွေ အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်နိုင်ပါတယ်

ဒီလိုမဖြစ်ရအောင် ဘာတွေ လုပ်သင့်လဲ

ခွေးလေးတွေမှာ ဖြစ်တတ်တဲ့ သွေးတွင်းကပ်ပါးရောဂါက လူကိုတော့ မကူးစက်နိုင်ပါဘူး။ လိုအပ်ရင်လည်း တိမွေးကု ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ခွေးလေးကို စောင့်ရှောက်ပြသနေကျဖြစ်တဲ့ တိမွေးကု ဆရာဝန်နဲ့ ပြသဖို့ ဒီလို ရောဂါမျိုး မဖြစ်စေရန် (သို့မဟုတ်) မကူးစက်စေရန် တခြားသော ခွေးတွေနဲ့လည်းရောနှောပြီး မထားဖို့လည်း လိုအပ်ပါတယ်။ ခွေးလေးတွေ မွေးပြီဆိုရင် လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးထားဖို့လည်း အရေးကြီးပါတယ်။ ခွေးလေးတွေကို သန့်သန့်ရှင်းရှင်းထားပြီး ဂရုစို်က်ဖို့ကိုလည်း အကြံပေးချင်ပါတယ်။

ခွေးချစ်သူ များအနေနဲ့ ဒီအချက်လေးကို သိရှိပြီး ဗဟုသုတ ရစေဖို့နဲ့ ခွေးလေး နေကောင်း၊ မကောင်း သိစေဖို့ အတွက် ရည်ရွယ်ပြီး တင်ဆက်ရခြင်းဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - ဒေါက်တာ ကျော်စွာဦး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။