ဆံပင်ရေစိုနဲ့ အိပ်တာ မသင့်တောမှန်း အများစုက သိကြပေမဲ့ တစ်ခါတစ်လေ တော့ ဒီလိုမျိုးလေး နေတတ်ကြပါတယ်။ ဆံပင်ရေစိုနဲ့ အိပ်စက်ခြင်းကြောင့် ဆိုးကျိုးများ ရရှိနိုင်ကြောင်းကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်ရေစိုနဲ့ အိပ်ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများ

- ခေါင်းကိုက်ခြင်း

- အအေးပတ်ခြင်း

- ကိုယ်ပူခြင်း

- နှာစေး၊ ချောင်းဆိုးဖြစ်ခြင်း

- ဆံပင်နှစ်ခွဖြစ်ခြင်း

- ဆံသားပျက်စီးခြင်း

- ဗောက်ထခြင်း

- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

အလုပ်အရမ်းရှုပ်တဲ့ အမျိုးသမီး အများစုက အလုပ်က ပြန်လာမှ ခေါင်းလျှော်တတ်ပါတယ်။ ဆိုင်မှာလျှော်ဖို့တောင် အချိန်မပေးနိုင်ကြဘဲ အိမ်မှာပဲ ရေချိုးရင်းနဲ့ ခေါင်းလျှော်လေ့ ရှိကြပါတယ်။ အမျိုးသမီးများဖြစ်စေ၊ အမျိုးသားများဖြစ်စေ ဖြစ်နိုင်ရင်တော့ ညဘက်မှ ခေါင်းလျှော်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ မဖြစ်မနေ လျှော်ရမယ်ဆိုရင်လည်း ဆံသားမှ ခြောက်အောင် ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။ သတိလက်လွတ် မနေသင့်ပါဘူး။

မနက်၊ နေ့လည် အချိန်မျိုးမှာ ခေါင်းလျှော်တာက အသင့်တော်ဆုံးဖြစ်ပါတယ်။ ခေါင်းလျှော် လျှော်ပြီးချင်း Air Con ခန်းမှာ မနေသင့်ပါဘူး။ တစ်ခါတစ်လေမျိုးမှာ ကိစ္စ မရှိပေမဲ့ ကြာလာတဲ့ အခါမျိုးမှာ ကျန်းမာရေးကို သိသိသာသာကို ထိခိုက်လာနိုင်ပါတယ်။ အထက်ဖော်ပြပါ ဆိုးကျိုးများကို လူတိုင်းဖြစ်တာ မဟုတ်ပေမဲ့ ကိုယ်ခံအားနည်းနေတဲ့ အချိန်မျိုးမှာ ဖြစ်တတ်ပါတယ်။ ဒါကို ပေါ့ပေါ့လေးတွေးပြီး လျစ်လျူမရှုမိကြဖို့ တိုက်တွန်းချင်ပါတယ်။

အားလုံးပဲ ကျန်းမာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင့် … ။

သတင်းအရင်းအမြစ် - ဒေါက်တာ ကျော်စွာဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။