နိုင်ငံကျော် ဂန္တဝင် အဆိုတော်တေးသံရှင် ဒေါ်မာမာအေးက  အမေရိကန်နိုင်ငံ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ အမိမြန်မာနိုင်ငံတော် သီချင်း သီဆိုဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကိစ္စများနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အနေနဲ့ သီချင်းဆိုဆန္ဒပြခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကိစ္စများကြောင့် ကမ္ဘာ့မီဒီယာများရဲ့ တလွဲသတင်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်မှုများရှိခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အနေနဲ့ ကမ္ဘာ့နိုင်ငံအနံှ့အပြားမှ ပြည်ပရောက်မြန်မာနိုင်ငံသားများ က ဆန္ဒပြမှုများ ရှိခဲ့ပါတယ်။ စက်တင်ဘာ(၂၄)ရက်နေ့မှာတော့ အမေရိကန်နိုင်ငံ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် မြန်မာနိုင်ငံသားများနှင့်အတူ ဒေါ်မာမာအေးကလည်း နိုင်ငံတော်သီချင်းနှင့် သီဆိုပြီး ( We Stand with you Daw Aung San Suu Kyi) ဟူသော စာတမ်းများ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ အမိနိုင်ငံတော်သီချင်းကို ကမ္ဘာ့ကုလသမဂ္ဂ ရုံးချုပ်ရှေ့မှာ သီဆိုခဲ့ရတဲ့အတွက် ကျေနပ်ဝမ်းသာတယ်လို့ သိရပါတယ်။ ဒေါ်မာမာအေး က သူမအသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ရေးသားပြောကြားထားပါတယ်။ “ကိုယ့်အမိနိုင်ငံရဲ့ နိုင်ငံတော်သီချင်းကို ကမ္ဘာ့ကုလသမဂ္ဂ ဟစ်တိုင်မှာ ကိုယ့်နိုင်ငသားတွေနဲ့ အတူ သီဆိုခဲ့ရလို့ ကျေနပ်ဝမ်းသာပါကြောင်း” ဟု ပြောထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။