ဒီအစားအသောက်လေးကတော့ လူတိုင်းနီးပါး သိပြီးသားဖြစ်မှာပါ။ အိမ်မှာ အလွယ်တကူပဲ ကြော်စားလို့ ရအောင် မလေးရှားခေါက်ဆွဲကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်သောပစ္စည်းများ

ဟင်းသီးဟင်းရွက်ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း

ခရုဆီ - ထမင်းစားဇွန်း ၂ ဇွန်း

ပဲငံပြာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း

ဆား၊ ငရုပ်ကောင်းမှုန့် - အနည်းငယ်

ဆန်ပြား - ၅၀ ကျပ်သား

ကြက်ဥ - ၂လုံး

ကြက်သွန်ဖြူ - ၄ မွှာ

၀က်အူချောင်း - ၁ ချောင်း

ပြည်ကြီးငါး - ၂၀ ကျပ်သား

အခွံချွတ်ထားသော ပုဇွန်ကျား - ၄၀ ကျပ်သား

နှမ်းဆီ - စားပွဲတင်ဇွန်း ၁ ဇွန်း

ရေ (သို့) ကြက်ပြုတ်ရည် - ဖန်ခွက်တစ်ခွက်

ငရုတ်သီးအနီ

နံနံပင်

ပဲပင်ပေါက်

ကြက်သွန်မြိတ် 

ပြုလုပ်ပုံအဆင့်ဆင့်

၁။ ဒယ်အိုးထဲတွင် ဆီထည့်ပါ။ ဆီပူလျှင် ကြက်သွန်ဖြူကို အန့ံမွှေးလာသည်အထိ မွှေပေးပါ။ ခေါက်ထားသော ကြက်ဥထည့်မွှေပါ။

၂။ ဆန်ပြား (သို့မဟုတ်) ခေါက်ဆွဲ ထည့်မွှေပါ။

၃။ ငံပြာရည်၊ ခရုဆီ၊ ဆား၊ ငရုပ်ကောင်းနှင့် ကြက်ပြုတ်ရည် (သို့ ) ရေ ထည့်ပါ။

၄။ ဆူလာလျှင် ၀က်အူချောင်း၊ ပုစွန်၊ ပြည်ကြီးငါးတို့ကို ထည့်ပြီး မီးပြင်းပြင်းဖြင့် ၄ မိနစ်ခန့်ကြော်ပါ။

၅။ နောက်ဆုံးတွင် နှမ်းဆီ၊ ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ ငရုတ်သီးအနီ၊ နံနံပင် ထည့်ပြီး မွှေပေးပါ။

ကဲ အခုဆိုရင်တော့ အရသာရှိလှသော မလေးရှားခေါက်ဆွဲကြော်ကို သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်များကို မိမိကြိုက်နှစ်သက်ရာ ထည့်၍ ကြော်စားနိုင်ပါတယ်။
 

အားလုံးပဲ သာယာလှပသော နေ့ရက်လေး ဖြစ်ကြပါစေရှင် …. ။

သတင်းအရင်းအမြစ် - ဟင်းချက်နည်းများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။