မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နာပိုလီအသင်းက ဖီယင်နုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အနိုင်သုံးမှတ်ကိုရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ရှက်တာဒိုးနက်အသင်းကို ရှုံးနိမ့်ထာတာကြောင့် ဒီပွဲမှာ အနိုင်ယူပြီး အနိုင် ၃ မှတ်စတင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဖီယင်နုအသင်းကတော့ နိုင်ပွဲမရရှိသေးပဲ ရမှတ် သုညနဲ့ အောက်ဆုံးမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

နာပိုလီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အစ်ဇနီ၊ ဒရိုင်းမာတင်၊ ကယ်လီဂျွန်၊ ဂျော်ဂျီဟို၊ အလန်၊ ဟမ်ဆစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဖီယင်နုအသင်းရဲ့ပွဲထွက်လူ စာရင်းမှာတော့ ဘိုတီယက်၊ ဘာဂူရစ် ၊ ဗယ်ဟီနာ ၊တွန်နာစထရာ၊ အာမာရက်၊ အယ်မာဒီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းရဲ့တိုက်စစ်ကို ဖီယင်နုအသင်းအနေနဲ့ မထိန်းချူပ်နိုင်ခဲ့တာကြောင့် ခုလို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

နာပိုလီအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၇ မိနစ်မှာပဲ အစ်ဇနီက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းမှာ တော့ နာပိုလီအသင်းဟာ တစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။၄၉ မိနစ်မှာတော့ ဒရိုင်းမာတင်က နာပိုလီအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ မိနစ် ၇၀ မှာ ကယ်လီဂျွန်က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဖီယင်နုအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ နောက်ဆုံးမိနစ်မှာမှ အမ်မရာဘတ် ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။