မေမေဖြစ်နေတာတောင်လှနေတဲ့ အနုပညာရှင်တွေနဲ့ သူတို့ရဲ့ မီးမီးလေးတွေကို ShiMiZu ကဖက်ရှင် ဒီဇိုင်းနာ မဌေးဌေးတင်

က သူမရဲ့ solo fashion show မှာပွဲထုတ်လိုက်ပါတယ် ။ ShiMiZu ကဖက်ရှင် ဒီဇိုင်းနာ မဌေးဌေးတင် ဟာ ဆိုရင် အနုပညာရှင်တွေတော်တော်များများကို ၀တ်စုံတွေ ချုပ်လုပ်ပေးနေတဲ့ ဖက်ရှင် ဒီဇိုင်းနာတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ဖက်ရှင် သင်တန်းကျောင်းကနေလဲ တပည့်ပေါင်း များစွာကို မွေးထုတ်ပေးနေတာဖြစ်ပါတယ် ။ 

ပုံမှန်ဆို Fashion Show တွေကို မော်ဒယ်တွေပဲလျှောက်လေ့ရှိပေမယ့်

ShiMiZu ကတော့ မော်ဒယ်တွေအပြင် Idea တစ်မျိုးဆန်းသစ်စွာပဲ မေမေနဲ့ သမီးလေးတို့ရဲ့ ဆင်တူဖက်ရှင်လေးတွေကို လှပစွာဝတ်ဆင်ပြီး Show လျှောက်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ် ။ မေမေတို့လက်ကို ဆွဲပြီး ချစ်ဖို့ကောင်းနေကြတဲ့ သမီးလေးတွေကတော့ အသက်အငယ်ဆုံးဖက်ရှင် Show လျှောက်သူလေးတွေလို့ ဆိုရလေမလားပါပဲ ။ 

အဆိုတော်တွေ အနုပညာရှင်တွေအပြင် ရုပ်သံတင်ဆက်သူတွေပါ ၀င်ရောက် Show လျှောက်ပေးခဲ့တဲ့ ပွဲထဲက ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော် ... ။ 

သတင်းအရင်းမြစ် Designer Htay Htay Tin and Sunday Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။